Galaxy Note 10 ေပၚက DeX လုပ္ေဆာင္ခ်က္အသစ္

[ Zawgyi ]

Samsung ရဲ႕ဖုန္းနဲ႔ desktop ကြန္ပ်ဴတာလိုမ်ိဳး အသုံးျပဳႏိုင္တဲ့ software ျဖစ္တဲ့ DeX ကို Galaxy Note 10 နဲ႔ Note 10 Plus မွာ အေျပာင္းအလဲ ျပဳလုပ္ထားပါတယ္။ DeX အရင္ဗားရွင္းက monitor အတြင္း ဖုန္းကုိ plug ထိုးၿပီး mouse နဲ႔ keyboard နဲ႔တြဲဖက္ရပါတယ္။ အခု DeX ဗားရွင္းသစ္မွာေတာ့ Windows ဒါမွမဟုတ္ Mac ကြန္ပ်ဴတာ အတြင္း Note 10 ကို plug တပ္ရင္ desktop ဒါမွမဟုတ္ laptop ကြန္ပ်ဴတာမွာ ဖုန္း app ေတြအသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။

သုံးစြဲသူက ဖုန္းနဲ႔ အေဝးကေနထိန္းခ်ဳပ္ႏိုင္ၿပီး ကြန္ပ်ဴတာရဲ႕ keyboard ကုိမသုံးဘဲ app ေတြကို အသုံးျပဳႏိုင္ပါတယ္။ ဒါ့အျပင္ သုံးစြဲသူက desktop ကေန ဖုန္းနဲ႔ အျပန္အလွန္ ဖုိင္ေတြကို drag နဲ႔ drop လုပ္ႏိုင္ပါတယ္။

Note 10 မွာ DeX ကုိ monitor နဲ႔ခ်ိတ္ဆက္ၿပီး ကြန္ပ်ဴတာလို အသုံးျပဳႏိုင္ပါေသးတယ္။ အဲဒီလို ခ်ိတ္ဆက္ႏိုင္ဖုိ႔ USB-C ကေန HDMI ႀကိဳးတစ္ခု လိုအပ္ပါတယ္။ Samsung အေနနဲ႔ Note 10 မွာ Your Phone app ကုိ ပါဝင္ေအာင္ Microsoft နဲ႔ပူးေပါင္းထားၿပီး SMS message ေတြနဲ႔ ဖုန္းနဲ႔ Windows PC အၾကား ဓာတ္ပုံေတြကုိ လႊဲေျပာင္းႏိုင္ပါတယ္။ Your Phone ကိုခ်ိတ္ဆက္ဖို႔အတြက္ toggle ကုိလည္း quick action ေတြမွာ ထည့္သြင္းထားပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

Samsung ရဲ့ဖုန်းနဲ့ desktop ကွန်ပျူတာလိုမျိုး အသုံးပြုနိုင်တဲ့ software ဖြစ်တဲ့ DeX ကို Galaxy Note 10 နဲ့ Note 10 Plus မှာ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။ DeX အရင်ဗားရှင်းက monitor အတွင်း ဖုန်းကို plug ထိုးပြီး mouse နဲ့ keyboard နဲ့တွဲဖက်ရပါတယ်။ အခု DeX ဗားရှင်းသစ်မှာတော့ Windows ဒါမှမဟုတ် Mac ကွန်ပျူတာ အတွင်း Note 10 ကို plug တပ်ရင် desktop ဒါမှမဟုတ် laptop ကွန်ပျူတာမှာ ဖုန်း app တွေအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပါတယ်။

သုံးစွဲသူက ဖုန်းနဲ့ အဝေးကနေထိန်းချုပ်နိုင်ပြီး ကွန်ပျူတာရဲ့ keyboard ကိုမသုံးဘဲ app တွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် သုံးစွဲသူက desktop ကနေ ဖုန်းနဲ့ အပြန်အလှန် ဖိုင်တွေကို drag နဲ့ drop လုပ်နိုင်ပါတယ်။

Note 10 မှာ DeX ကို monitor နဲ့ချိတ်ဆက်ပြီး ကွန်ပျူတာလို အသုံးပြုနိုင်ပါသေးတယ်။ အဲဒီလို ချိတ်ဆက်နိုင်ဖို့ USB-C ကနေ HDMI ကြိုးတစ်ခု လိုအပ်ပါတယ်။ Samsung အနေနဲ့ Note 10 မှာ Your Phone app ကို ပါဝင်အောင် Microsoft နဲ့ပူးပေါင်းထားပြီး SMS message တွေနဲ့ ဖုန်းနဲ့ Windows PC အကြား ဓာတ်ပုံတွေကို လွှဲပြောင်းနိုင်ပါတယ်။ Your Phone ကိုချိတ်ဆက်ဖို့အတွက် toggle ကိုလည်း quick action တွေမှာ ထည့်သွင်းထားပါတယ်။

Ref: TheVerge