Galaxy Note 10 စမတ်ဖုန်းကို စက်တင်ဘာ ၃ ရက်တွင် မြန်မာပြည်ဈေးကွက်အတွင်း စတင်ရောင်းချမည်
[ Zawgyi ]
Galaxy Note 10 နဲ့ Galaxy Note 10+ စမတ်ဖုန်းတွေကို မြန်မာပြည်ဈေးကွက်မှာ စက်တင်ဘာ ၃ ရက်မှ စတင်ပြီး ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။
ဈေးနှုန်းတွေကတော့ Galaxy Note 10 ကို ၁,၄၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy Note 10+ ကို(RAM 12GB+ROM 256GB) ကို ၁,၆၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy Note 10+ (RAM 12GB+ROM 512GB) ကို ၁,၈၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။
[ Unicode ]
Galaxy Note 10 နဲ့ Galaxy Note 10+ စမတ်ဖုန်းတွေကို မြန်မာပြည်စျေးကွက်မှာ စက်တင်ဘာ ၃ ရက်မှ စတင်ပြီး ၀ယ်ယူနိုင်မယ်လို့ သိရပါတယ်။
ပြည်တွင်းစျေးကွက်အတွင်း Galaxy Note 10+ ကို RAM 12GB+ ROM 256GB နဲ့ RAM 12GB+ ROM 512 GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ၀ယ်ယူနိုင်မှာဖြစ်ကာ Galaxy Note 10 ကိုတော့ RAM 8GB + ROM 256GB တစ်မျိုးတည်းနဲ့သာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Galaxy Note 10+ မှာ Aura Glow,Aura Black နဲ့ Aura White အရောင်သုံးမျိုးရှိပြီး Galaxy Note 10 မှာတော့ Aura Glow နဲ့ Aura Pink ဆိုတဲ့ အရောင်နှစ်မျိုးရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Galaxy Note 10 နဲ့ Galaxy Note 10+ ကို အရစ်ကျဝယ်ယူလိုတဲ့ သူတွေအတွက်လည်း Samsung Myanmar မှ A Bank ဖြင့် Bank Partner အဖြစ် ပူးပေါင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နဲ့ AEON တို့မှ တစ်ဆင့်လည်း စက်တင်ဘာ ၃ ရက်နောက်ပိုင်းမှ စတင်ကာ အရစ်ကျဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ အခြားသော အစီအစဉ်တွေအနေနဲ့ Samsung Galaxy Note 10 နဲ့ Galaxy Note 10+ ၀ယ်ယူသူတွေအတွက် Premium Care ၀န်ဆောင်မှုအပြင် လက်ရှိဖုန်းဖြင့် လဲလှယ်ဝယ်ယူခြင်း အစီအစဉ်တွေကိုလည်း ပြုလုပ်ပေးထားတယ်လို့ သိရပါတယ်။
စျေးနှုန်းတွေကတော့ Galaxy Note 10 ကို ၁,၄၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy Note 10+ ကို(RAM 12GB+ROM 256GB) ကို ၁,၆၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ Galaxy Note 10+ (RAM 12GB+ROM 512GB) ကို ၁,၈၉၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း အသီးသီး ၀ယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။