Galaxy Fold အလုံးရေ ၁ သန်း Samsung ရောင်းချခဲ့ရ

Samsung ရဲ့ ပထမဆုံး ခေါက်စမတ်ဖုန်း Galaxy Fold ဟာ စတင် ဖြန့်ချိချိန်မှာ အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဒေါ်လာ ၂,၀၀၀ တန်ကြေးရှိတဲ့ Galaxy Fold ဟာ အလုံးရေ ၁ သန်း ရောင်းချခဲ့ရတယ်လို့ Samsung Electronic ဥက္ကဋ္ဌဖြစ်သူ ယန်းဆွန်ကပြောခဲ့ပါတယ်။

“ဒေါ်လာ ၂,၀၀၀ တန်ကြေးရှိတဲ့ ထုတ်ကုန်ကို ဝယ်ယူလိုတဲ့ လူပေါင်း ၁ သန်း ရှိတယ်” လို့ ဘာလင်မှာပြုလုပ်တဲ့ TechCrunch ရဲ့ Disrupt က စင်မြင့်ပေါ်မှာ ပြောကြားခဲ့ပါတယ်။

Samsung နဲ့ Apple တို့ သုံးလပတ်တိုင်း ဖုန်းသန်းပေါင်းများစွာ ရောင်းချနေရတဲ့အတွက် အလုံးရေ ၁ သန်း ဆိုတဲ့ ပမာဏက မပြောပလောက်ပါဘူး။ ဒါပေမဲ့ Galaxy Fold လိုမျိုး ထုတ်ကုန်ဟာ ဈေးနှုန်းမြင့်မားပြီး ဈေးကွက်ရှာဖွေဆဲကာလမှာ ၁ သန်း ရောင်းချနိုင်တာ ထူးခြားပါတယ်။ ဖုန်းကုမ္ပဏီ အသေးစားလေးတွေက ဈေးနှုန်းလျှော့ချပြီး ဈေးများစွာရောင်းချနိုင်ဖို့ ရုန်းကန်နေရပါတယ်။

Fold ကို စက်တင်ဘာလမှာ တရားဝင် ရောင်းချခဲ့ပါတယ်။ မူလက မျှော်မှန်းထားတာထက် လပေါင်းများစွာ နောက်ကျပြီးမှ ရောင်းချနို်ငခဲ့တာ ဖြစ်ပါတယ်။ အစောဆုံးဖြန့်ချိခဲ့တဲ့ Galaxy Fold ထုတ်ကုန်တွေဟာ သုံးသပ်ချက်ရေးသားတဲ့အခါမှာ အားနည်းချက်တွေရှိခဲ့ပါတယ်။ ဒါကြောင့် Samsung က မူလဖြန့်ချိမယ့် အစီအစဉ်ကို ဖျက်သိမ်းပြီး ဖုန်းဒီဇိုင်းကို ပြင်ဆင်ကာ ဖြန့်ချိခဲ့ပါတယ်။

အခြားခေါက်စမတ်ဖုန်းတွေဖြစ်တဲ့ Huawei ရဲ့ Mate X က အကြမ်းခံမှုနဲ့ တာရှည်ခံမှုအပိုင်းတွေကြောင့် တင်ပို့ရောင်းချမှု နောက်ကျခဲ့ပါတယ်။ ဒါပေမဲ့ အခြားကုမ္ပဏီတွေကတော့ ခေါက်စမတ်ဖုန်းကို တင်ပို့ရောင်းချဖို့ ရှိနေပါတယ်။ ဇန်နဝါရီလအတွင်းမှာ Motorola က Razr ခေါက်စမတ်ဖုန်းကို တင်ပို့ရောင်းချသွားပါမယ်။

စိုးထက်
Ref: TheVerge