Galaxy Buds Pro အတွက် Anycall case ကို Samsung ပြသ

Samsung ဟာ အသစ်မိတ်ဆက်ခဲ့တဲ့ Galaxy Buds Pro နားကြပ်ထည့်နိုင်တဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းက ခေတ်စားခဲ့တဲ့ ကုမ္ပဏီရဲ့ Anycall ဖုန်း case ကိုမိတ်ဆက်ခဲ့ပါတယ်။

အဲဒီ case တွေက Anycall ဖုန်းမော်ဒယ် SGH-E700 နဲ့ SGH-T100 ဒီဇိုင်း ၂ ခု ထုတ်လုပ်ထားပါတယ်။ Samsung Galaxy S21 နဲ့အတူ မိတ်ဆက်ခဲ့တဲ့ Galaxy Buds Pro မှာတော့ ပြင်ပဆူညံသံ ၉၉ ရာခိုင်နှုန်း ဖျောက်ပေးတဲ့ noise-canceling နည်းပညာ ပါဝင်လာပါတယ်။ ဒါ့အပြင် AKG ကချိန်ညှိပေးတဲ့ 11mm woofer နဲ့ 6.5mm tweeter လည်းပါတယ်။

Galaxy Buds Pro ဒီဇိုင်းကတော့ ခေတ်ဟောင်း clamshell ဒီဇိုင်း အသုံးပြုထားတယ်။ Galaxy Buds Pro ထည့်သွင်းရတဲ့ Anycall case တွေက အလွန်အကြမ်းခံပါတယ်။

-စိုးထက်
Ref: HypeBeast

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««