
Samsung က Galaxy Buds Live ကြိုးမဲ့နားကြပ်ကို မိတ်ဆက်ဖို့ရှိပါတယ်။ Samsung အနေနဲ့ ဩဂုတ် ၅ ရက်မှာ မိတ်ဆက်နိုင်ပါတယ်။
Samsung ကြိုးမဲ့နားကြပ် Galaxy Buds Live ဒီဇိုင်းထွက်ပေါ်လာပါတယ်။ ဒီဇိုင်းက ပဲစေ့နဲ့တူတဲ့အတွက် လူတွေက ပဲစေ့လို့ နာမည်ပေးထားတယ်။ အခုဆိုရင် နားကြပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထွက်လာပါတယ်။
Samsung Galaxy Buds Live နဲ့တွဲဖက်သုံးစွဲရမယ့် app ကို XDA-Developers က ရှာဖွေ ဖော်ထုတ်လိုက်ပါတယ်။ အဲဒီ app အမည်က Galaxy Buds Live Plugin ဖြစ်ပြီး Google Play Store မှာ ရှိပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
Beans (ပဲစေ့)
Play Store စာရင်းမှာတော့ Galaxy Bean Plugin လို့ဖော်ပြထားပါတယ်။ နားကြပ် တရားဝင်အမည်က Bean ဖြစ်ပါတယ်။
Active noise-canceling
Apple AirPods ရဲ့အထူးခြားဆုံး လုပ်ဆောင်ချက် Samsung နားကြပ်မှာ ပါဝင်လာပါမယ်။ အဲဒါကတော့ Samsung နားကြပ်က Active noise canceling ကို အဖွင့်၊ အပိတ်လိုက်နိုင်ပါတယ်။
Equalizer
Galaxy Buds Live နားကြပ်ရဲ့ equalizer မှာ Normal, Bass boost, soft, Dynamic, Clear နဲ့ Treble Bookst ချိန်ညှိမှုတွေ ပါဝင်လာပါတယ်။
Touch control ကိုအဖွင့်၊ အပိတ်လုပ်နိုင်
နားကြပ်ပေါ်က ထိန်းချုပ်မှုတွေကို ဖွင့်နိုင်၊ ပိတ်နိုင်အောင် ပြုလုပ်ထားတယ်။
အသံထွက် သတိပေးချက်
Buds Live ရဲ့ setting တစ်ခုကတော့ သတိပေးချက်တွေကို အသံထွက်ဖတ်ပေးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သုံးစွဲသူက နှစ်သက်သလို ရွေးချယ်အသုံးပြုနိုင်ပါတယ်။
Finde my Earbuds
လူအများစု နှစ်သက်ကြတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ နေရာအထားမှာတဲ့ နားကြပ်ကို ပြန်လည် ရှာဖွေနိုင်စေပါတယ်။
-စိုးထက်
Ref: Forbes