Galaxy Book နဲ့ Galaxy Tab S3 tablet တို့ကို Samsung မိတ်ဆက်ပြသ

Galaxy Book နဲ့ Galaxy Tab S3 အပါအဝင် tablet သစ်နှစ်မျိုးကို Samsung က Mobile World Congress မှာ မိတ်ဆက်ပြသ ခဲ့ပါတယ်။

Galaxy Tab S3 မှာ ၉.၇ လက်မ screen ပါဝင်ပြီး Galaxy Book ကိုတော့ ၁၀.၅ လက်မနဲ့ ၁၂ လက်မ အရွယ်အစားတွေနဲ့ ရရှိနိုင်ပါတယ်။ ဒါပေမဲ့ Tab S3 နဲ့ Book တို့ရဲ့ ကွာဟချက်ကကြီးမားပါတယ်။ Galaxy Tab S4 မှာ Snapdragon 820 processor နဲ့ Android Nougat ကို အသုံးပြုထားပါတယ်။ Galaxy Book tablet တွေမှာတော့ Core m3, Core i5 processor အသီးသီးနဲ့ Windows 10 ကို အသုံးပြုထားပါတယ်။

Galaxy Tab S3 မှာ ၉.၇ လက်မ 2048 x 1536-pixel Super AMOLED display, 4GB RAM, 32GB storage တို့နဲ့ သုံးနိုင်ပြီး အဆင့်မြင့်ဂိမ်းကစားခြင်းအတွက် Vulcan API ကို ထောက်ပံ့ပေးထားပါတယ်။ HDR video playback အထောက်အပံ့နဲ့ Samsung ရဲ့ S Pen အထောက်အပံ့တို့လည်း ပါဝင်ပါတယ်။ ပင်မကင်မရာက 13MP ဖြစ်ပြီး အရှေ့ဘက်ကင်မရာက 5MP ဖြစ်ပါတယ်။

၁၀.၆ လက်မ Galaxy Book မှာတော့ 1920 x 1280-pixel display နဲ့ Intel Core m3 processor တို့ကို သုံးထားပါတယ်။ ၁၂ လက်မအမျိုးအစားမှာတော့ 2160 x 1440-pixel display နဲ့ Intel Core i5 chip ကို သုံးထားပါတယ်။ အရွယ်ငယ်တဲ့ Galaxy Book ကို 64GB ဒါမှမဟုတ် 128GB storage နဲ့ရရှိနိုင်ပြီး RAM က 4GB ဖြစ်ပါတယ်။ အရွယ်ကြီးတဲ့ဗားရှင်းကိုတော့ 128GB/4GB RAM နဲ့ 256GB/8GB RAM တို့နဲ့ ရရှိနိုင်ပါတယ်။ ဗားရှင်းနှစ်မျိုးစလုံးမှာ microSD card အထောက်အပံ့ပါဝင်ပါတယ်။

ဒီ tablet တွေကို တင်ပို့ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းကိုတော့ Samsung က ကြေညာခဲ့ခြင်း မရှိပါဘူး။

Ref: TechnoBuffalo