Galaxy ဖုန်းတချို့အတွက် Samsung TV Plus ထွက်ရှိ

Samsung ဟာ အခမဲ့ ကြော်ငြာပါဝင်တဲ့ streaming ဝန်ဆောင်မှုတစ်မျိုးကို ဖုန်းတချို့အတွက် ထောက်ပံ့ပေးပါတော့မယ်။

Samsung TV Plus မိုဘိုင်း app ဟာ ဗုဒ္ဓဟူးနေ့မှာ Galaxy Store နဲ့ Google Play ကနေ ထွက်ရှိပါမယ်။ Galaxy Note 20, Note 10, S20 နဲ့ S10 စီးရီးဖုန်းတွေမှာ အသုံးပြုနိုင်မယ်လို့ Samsung ကပြောခဲ့ပါတယ်။ အရင်တုန်းက Samsung TV Plus ကို Samsung တီဗီတချို့မှာပဲ ဖြန့်ချိခဲ့ပါတယ်။ Samsung TV Plus ရဲ့ ၁၃၅ လိုင်းမှာ ရုပ်ရှင်နဲ့ စီးရီးတွေ အခမဲ့ကြည့်နိုင်ပါတယ်။ Samsung TV Plus နဲ့ Bloomberg TV+ UHD, Kitchen Nightmares, Baywatch နဲ့ PlayersTV တို့ကိုကြည့်နိုင်ပါတယ်။

၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ အထိ ထုတ်လုပ်ထားတဲ့ Samsung Smart တီဗီတွေမှာလည်း Samsung TV Plus ပါဝင်ပြီး အစီအစဉ် ရာပေါင်းများစွာကို စိတ်ကြိုက်ကြည့်နိုင်တယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။

-စိုးထက်
Ref: CNET

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««