G6 အမှတ်တံဆိပ်ပါတဲ့ LG G6 ဓာတ်ပုံသစ် ပေါက်ကြားထွက်ပေါ်လာ

LG G6 ရှေ့ပြေးဒီဇိုင်းတစ်ခုရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီး ရက်အနည်းငယ် အကြာမှာ G6 စမတ်ဖုန်းရဲ့ ဓာတ်ပုံသစ်တစ်ပုံ ထပ်မံ ထွက်ပေါ်လာခဲ့ပါတယ်။

Business Insider ကဖော်ပြခဲ့တဲ့ LG G6 ဓာတ်ပုံသစ်ဟာ အရင်ပေါက်ကြားခဲ့တဲ့ ရှေ့ပြေးဒီဇိုင်းနဲ့မတူပါဘူး။ G6 ကို ဖန်ထည်ဒီဇိုင်းနဲ့တွေ့မြင်ရမယ်လို့ အရင်ကောလာဟလ သတင်းတွေမှာ ဖော်ပြခဲ့ပေမယ့် အခုဓာတ်ပုံမှာတော့ ဖုန်းရဲ့ကျောဘက်မှာ တောက်ပြောင်တဲ့ ပလတ်စတစ်နဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။ ကျောဘက်မှာပါဝင်တဲ့ လက်ဗွေဖတ်စနစ်နဲ့ ကင်မရာနှစ်ခုကလည်း LG V20 နဲ့ LG G5 အတိုင်း တပ်ဆင်ထားပါတယ်။

အဲ့ဒီ ကျောဘက် ကင်မရာနှစ်ခုဟာ iPhone 7 Plus portrait mode လို “bokeh” effect နဲ့ background ကို မှုန်ဝါးအောင် ဖန်တီးနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

LG G6 ကို ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျင်းပမယ့် MWC မှာ မိတ်ဆက်ကြေညာဖို့ရှိပါတယ်။ ကောလာဟလ သတင်းတွေအရ ဒီစမတ်ဖုန်းသစ်မှာ ၅.၂ လက်မ display (2,880×1,440 resolution) နဲ့အတူ Snapdragon 821 ပါဝင်လာမယ်လို့ သိရပါတယ်။

Ref: GSMArena