G Suite ကို Google Workspace လို့ အမည်ပြောင်းလဲ

Google ဟာ Gmail, Drive, Docs နဲ့ Meet ပါဝင်တဲ့ အွန်လိုင်းလုပ်ငန်းသုံး tool G Suite ကို နာမည်ပြောင်းလဲလိုက်ပါတယ်။

နာမည်သစ်ကတော့ Google Workspace ဖြစ်ပါတယ်။ Google ဟာ ဒီနှစ်အစောပိုင်းမှာ Google Meet ကို အခြားဝန်ဆောင်မှုတွေနဲ့ ပေါင်းစပ်တာ ပူးပေါင်းဆောင်ရွက်ရေး tool အတွက် စတင် မိတ်ဆက်ထားခဲ့ပါတယ်။ အခုဆိုရင် tool အသစ်တွေက preview ကထွက်လာပြီး ဝန်ဆောင်မှုကို နာမည်သစ်ပေးခဲ့သလို ပါဝင်တဲ့ app တွေရဲ့ လိုဂိုသစ်ကိုလည်း မိတ်ဆက်သွားပါတယ်။ Google Workspace ကိုငွေကြေးပေးသွင်းတဲ့ လုပ်ငန်း ၆ သန်းကျော် ရှိပါတယ်။

G Suite ဟာ Google ရဲ့ အခပေး ဝန်ဆောင်မှုဖြစ်ပြီး ၂၀၁၆ ခုနှစ်က မိတ်ဆက်ခဲ့ပါတယ်။ Google Workspace ဟာ လူတွေ အသုံးပြုလိုတဲ့ ဝန်ဆောင်မှုကို ဝယ်ယူတာမျိုး ဖြစ်စေဖို့ သေချာအောင် ပြုလုပ်မယ်လို့ Google Workspace အထွေထွေမန်နေဂျာနဲ့ ဒုဥက္ကဋ္ဌ ဂျာဗီးယားဆိုတာရိုက ပြောခဲ့ပါတယ်။

-စိုးထက်
Ref: TechCrunch

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««