Fusion5 11.6 Tablet

တန်ဖိုး – ကန်ဒေါ်လာ ၂၀၈.၀၉ (Amazon Price)

အားသာချက်

USB 3.0 အထောက်အ ပံ့ပေးထားတဲ့အတွက် screen အရွယ်အစား ကြီးကြီးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် စိတ်တိုင်းကျစေမှာပါ။ ဒါ့အပြင် Bluetooth 4.0 ပါဝင်တဲ့အတွက် wireless headphone, mouse, speaker တွေနဲ့လည်း ချိတ်ဆက် အသုံး ပြုနိုင်မှာဖြစ်ပါတယ်။

အားနည်းချက်

ကင်မရာပိုင်းကတော့ အရမ်းကောင်းမွန်တာမျိုး မရှိသလို ဘက်ထရီကလည်း အချိန်ကြာကြာ အသုံးပြုချင်သူတွေအတွက်တော့ သိပ်အဆင်ပြေစေမှာ မဟုတ်ပါဘူး။

အသေးစိတ်ဖော်ပြချက်

Intel Atom x5-Z8350 processor ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ 1.92 GHz ရှိမှာဖြစ်ပါတယ်။ RAM 2GB ပါဝင်မှာဖြစ်ပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 32GB ပမာဏရှိတဲ့ storage ပါ၀င်ပါတယ်။ Display အရွယ်အစားကတော့ ၁၁.၆ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 1920 x 1080 ရှိမှာဖြစ်ပါတယ်။ ဒီ tablet မှာ Windows 10 Home အသုံးပြုထားတဲ့ Operating System ကို အသုံးပြုထားပါတယ်။ကင်မရာပိုင်းမှာတော့ အရှေ့ဘက်နဲ့ အနောက်ဘက်ကို 2 megapixels ရှိတဲ့ ကင်မရာ တပ်ဆင်အသုံးပြု ပေးထားပါတယ်။ ဘက်ထရီရဲ့ အသုံးပြုနိုင်မယ့် ကြာချိန်ကတော့ ရ နာရီခန့် ဖြစ်ပါတယ်။

-သီဟ