Fusion5 10.1

တန်ဖိုး – ကန်ဒေါ်လာ ၁၁၉.၉၇ (Amazon Prize)

အားသာချက်

ဒီ tablet ကို ကြည့်ရှုရတဲ့ အရသာကကောင်းမွန်ပြီး ဈေးနှုန်းကလည်း ချိုသာတဲ့ tablet အမျိုးအစားတစ်ခုဖြစ်ပါတယ်။

အားနည်းချက်

Wi-Fi ချိတ်ဆက်မှုပိုင်းမှာ အလွယ်တကူ မချိတ်ဆက်နိုင်တာက ဒီ tablet ရဲ့ အားနည်းချက် တစ်ခုဖြစ်သလို performance ပိုင်းကလည်း အရမ်းကောင်းမွန်တာမျိုးတော့ မရှိပါဘူး။

အသေးစိတ်ဖော်ပြချက်

Fusion5 10.1 tablet ကို Quad-core ARM Cortex-A35 chip နဲ့ တည်ဆောက် ထားပါတယ်။ RAM 1GB ပါဝင်မှာဖြစ်ပြီး အချက်အလက် သိမ်းဆည်းဖို့ အတွက် storage ကတော့ 32GB ပါဝင်မှာ ဖြစ်ပါတယ်။ screen Display အရွယ်အစားကတော့ ၁၀.၁ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 1280 x 800 ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ စကရင် ဘက်အခြမ်းမှာရှိတဲ့ ကင်မရာက 0.3 megapixels ဖြစ်ပြီး နောက်ကျောဘက် အခြမ်းမှာတော့ 3 megapixels ကင်မရာပါ၀င်မှာ ဖြစ်ပါတယ်။ OTG စနစ်ကို အထောက်အပံ့ပေးထားပြီး tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android version 8.1 ဖြစ်ပါတယ်။ Lithium Polymer ဘက်ထရီကို အသုံးပြုထားပြီး ဘက်ထရီ သိပ်သည်းဆကတော့ 5000mAh ရှိမှာဖြစ်ပါတယ်။

-သီဟ