FullVision 18:9 display နဲ့ Snapdragon 821 chipset ပါဝင်တဲ့ LG G6

ဘာစီလိုနာမှာ ကျင်းပပြုလုပ်နေတဲ့ Mobile World Congress မှာ LG က G6 စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ LG G6 မှာ Full-vision display ပါဝင်ပြီး ရေစိုဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။

G6 မှာ ဖုန်းရဲ့အရှေ့ဘက်တစ်ခုလုံးနီးပါး နေရာယူထားတဲ့ ၅.၇ လက်မ IPS LCD panel တစ်ခုပါဝင်ပါတယ်။ ဒါကို LG က FullVision လို့ခေါ်ဆိုခဲ့ပါတယ်။ ဒီ screen ရဲ့ aspect ratio က 18:9 ပါ။ Resolution က 2880 x 1440 pixel ဖြစ်ပြီး pixel သိပ်သည်းဆက 565ppi ဖြစ်ပါတယ်။

LG G6 ရဲ့ကျောဘက်မှာ 13MP ကင်မရာနှစ်ခုပါဝင်ပြီး တစ်ခုက wide-angle (125° FOV) ဖြစ်ကာ ကျန်တစ်ခုက ပုံမှန် (71° FOV) ဖြစ်ပါတယ်။ အရှေ့ဘက်ကင်မရာက 5MP (100° FOV) ဖြစ်ပါတယ်။

G6 မှာ Snapdragon 821 chipset ကို အသုံးပြုထားပြီး RAM က 4GB ဖြစ်ပါတယ်။ 32GB ဒါမှမဟုတ် 64GB storage နဲ့ ရရှိနိုင်ပြီး microSD slot ပါဝင်တာကြောင့် သိုလှောင်မှုပမာဏကို တိုးမြှင့်နိုင်ပါတယ်။

Android 7.0 Nougat နဲ့ သုံးနိုင်ပြီး Pixel ပြီးရင် Google Assistant ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်ပါတယ်။ ဘက်ထရီက 3,300mAh ဖြစ်ပြီး QuickCharge 3.0 ကြောင့် ၉၆ မိနစ်အတွင်း အားအပြည့်သွင်းနိုင်ကာ ၃၂ မိနစ်အတွင်း ဘက်ထရီ ၅၀ ရာခိုင်နှုန်း သွင်းနိုင်ပါတယ်။

G6 ကို Astro Black, Mystic White နဲ့ Ice Platinum ဆိုပြီး အရောင်သုံးမျိုးနဲ့ ရရှိနိုင်ပါတယ်။ တန်ဖိုးနဲ့ ရောင်းချမယ့်အချိန်ကိုတော့ LG က မကြေညာသေးပါဘူး။

Ref: GSMArena