မ်က္ႏွာျပင္အျပည့္ screen ပါဝင္တဲ့ ဖုန္းတစ္မ်ိဳးကို အျမည္းခ်ျပခဲ့တဲ့ Lenovo

[Zawgyi]

Lenovo ဒုဥကၠ႒ Chang Cheng ဟာ screen ကို အလြန္ေသးငယ္တဲ့ bezel နဲ႔ ေဘာင္ခတ္ထားတဲ့ ဖုန္းသစ္တစ္မ်ိဳးကို တ႐ုတ္လူမႈကြန္ရက္ျဖစ္တဲ့ Weibo ေပၚကေန အျမည္းခ်ျပခဲ့ပါတယ္။

Cheng ဟာ အသစ္ထြက္မယ့္ Lenovo Z5 ရဲ႕ ပံုၾကမ္းဓာတ္ပံုကို Weibo ေပၚမွာ ေဝမွ်ခဲ့တာျဖစ္ၿပီး အဲ့ဒီဖုန္းရဲ႕ screen-to-body ratio က ၉၅ ရာခိုင္ႏႈန္းျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ Z5 မွာ မူပိုင္ခြင့္တင္ထားတဲ့ နည္းပညာ ၁၈ ခု အပါအဝင္ နည္းပညာဆိုင္ရာ ထိုးေဖာက္ေက်ာ္လႊားမႈ ေလးခုပါဝင္တယ္လို႔ Cheng က ဆိုပါတယ္။ ဒါေပမဲ့ အေရွ႕ဘက္ကင္မရာကို ထည့္သြင္းထားတဲ့ေနရာ အပါအဝင္ အေသးစိတ္အခ်က္အလက္ေတြကို မသိရေသးပါဘူး။

ဥပမာအေနနဲ႔ screen-to-body ratio ၉၁.၃ ရာခိုင္ႏႈန္းရိွတဲ့ Mi Mix 2 မွာ အေရွ႕ဘက္ကင္မရာကို ဖုန္းရဲ႕ေအာက္ေျခက bezel မွာ ထည့္သြင္းထားပါတယ္။ Vivo ရဲ႕ Apex ေရွ႕ေျပးပံုစံမွာဆိုရင္လည္း selfie ကင္မရာကို pop-up ကင္မရာအေနနဲ႔ ထည့္သြင္းထားပါတယ္။

ေခတ္ေပၚဖုန္းေတြကို “bezel-less” လို႔ေခၚတဲ့ ဒီဇိုင္းေတြနဲ႔ ဖန္တီးဖို႔အတြက္ အျခားနည္းပညာအခ်ိဳ႕ကိုလည္း ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း မိတ္ဆက္ခဲ့ပါတယ္။ အဲ့ဒီအထဲမွာ in-display fingerprint sensor ေတြက လက္ေတြ႕ျဖစ္လာခဲ့သလို ultrasound proximity sensor ေတြနဲ႔ piezoelectric earpiece ေတြကိုလည္း ၂၀၁၆ က မိတ္ဆက္ခဲ့တဲ့ Xiaomi Mi Mix မွာ ေတြ႕ျမင္ခဲ့ရၿပီးျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

===============

[Unicode]

Lenovo ဒုဥက္ကဋ္ဌ Chang Cheng ဟာ screen ကို အလွန်သေးငယ်တဲ့ bezel နဲ့ ဘောင်ခတ်ထားတဲ့ ဖုန်းသစ်တစ်မျိုးကို တရုတ်လူမှုကွန်ရက်ဖြစ်တဲ့ Weibo ပေါ်ကနေ အမြည်းချပြခဲ့ပါတယ်။

Cheng ဟာ အသစ်ထွက်မယ့် Lenovo Z5 ရဲ့ ပုံကြမ်းဓာတ်ပုံကို Weibo ပေါ်မှာ ဝေမျှခဲ့တာဖြစ်ပြီး အဲ့ဒီဖုန်းရဲ့ screen-to-body ratio က ၉၅ ရာခိုင်နှုန်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Z5 မှာ မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာ ၁၈ ခု အပါအဝင် နည်းပညာဆိုင်ရာ ထိုးဖောက်ကျော်လွှားမှု လေးခုပါဝင်တယ်လို့ Cheng က ဆိုပါတယ်။ ဒါပေမဲ့ အရှေ့ဘက်ကင်မရာကို ထည့်သွင်းထားတဲ့နေရာ အပါအဝင် အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။

ဥပမာအနေနဲ့ screen-to-body ratio ၉၁.၃ ရာခိုင်နှုန်းရှိတဲ့ Mi Mix 2 မှာ အရှေ့ဘက်ကင်မရာကို ဖုန်းရဲ့အောက်ခြေက bezel မှာ ထည့်သွင်းထားပါတယ်။ Vivo ရဲ့ Apex ရှေ့ပြေးပုံစံမှာဆိုရင်လည်း selfie ကင်မရာကို pop-up ကင်မရာအနေနဲ့ ထည့်သွင်းထားပါတယ်။

ခေတ်ပေါ်ဖုန်းတွေကို “bezel-less” လို့ခေါ်တဲ့ ဒီဇိုင်းတွေနဲ့ ဖန်တီးဖို့အတွက် အခြားနည်းပညာအချို့ကိုလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ in-display fingerprint sensor တွေက လက်တွေ့ဖြစ်လာခဲ့သလို ultrasound proximity sensor တွေနဲ့ piezoelectric earpiece တွေကိုလည်း ၂၀၁၆ က မိတ်ဆက်ခဲ့တဲ့ Xiaomi Mi Mix မှာ တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge