
အမေရိကန်နိုင်ငံသို့ သွားရောက်သင်ကြားရမယ့် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာ ဆရာ၊ ဆရာမများ လျှောက်ထားနိုင်မယ်လို့သိရပါတယ်။
၂၀၂၀ မှာဖွင့်လှစ်မယ့် Fullbright U.S-ASEAN Visiting Scholar Program ကို အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး လျှောက်ထားလိုတဲ့ ဆရာ၊ ဆရာမတွေအနေနဲ့ နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ပညာရေးမှူးရုံးတွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။
အဆိုပါ အစီအစဉ်မှာ နယ်ပယ်ကဏ္ဍပေါင်းစုံမှ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်သူများအား အမေရိကန်ပြည်ထောင်စုမှာ သုတေသနပြုလုပ်နိုင်စေမယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ် လို့ သိရပါတယ်။ အမေရိကန်-အာဆီယံဆက်ဆံရေး အပေါ်ကို သက်ရောက်မှုရှိစေသော အရေးကြီးတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ အာဆီယံအမြင်ရှုထောင့်တစ်ခုကို မိမိတို့နဲ့ ပညာရပ်နယ်ပယ်တူတဲ့ အမေရိကန်ပညာရှင်များနဲ့ ကျွမ်းကျင်သူများကို ပို့ချချက်များ၊ နှီးနှောဖလှယ်ပွဲများနဲ့ ဆွေးနွေးပွဲများမှ တစ်ဆင့် မျှဝေနိုင်မယ်လို့ အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လျှောက်ထားလိုသူတွေအနေနဲ့ https://bit.ly/2W7fuVJ မှာဝင်ရောက်ကြည့်ရှုနိုင်သလို လျှောက်ထားလိုသူတွေဟာ Rangoo [email protected] မှာ လျှောက်လွှာပုံစံများ ဖြည့်စွက်နိုင်သလို အမေရိကန်သံရုံး၊ ယဉ်ကျေးမှုဌာနစိတ်၊ ပြည်သူ့ရေးရာဌာနခွဲသို့လည်း ပေးပို့လျှောက်ထားနိုင်ပါတယ်။
ဓာတ်ပုံ- U.S. Embassy Rangoon
-ဝေဝေ