Full-screen display ပါဝင္လာတဲ့ Oppo K3

[ Zawgyi ]

Oppo K3 ဟာ ေပါက္ၾကားထြက္ေပၚမႈေတြ မ်ားစြာအၿပီး တရားဝင္ထြက္ရွိလာၿပီ ျဖစ္ပါတယ္။ Opp K3 မွာ Snapdragon 710 chipset, RAM 6GB နဲ႔ pop-up selfie ကင္မရာတို႔ ပါဝင္လာပါတယ္။ ေဈးႏႈန္းကလည္း သက္သာပါတယ္။ Oppo ဝက္ဘ္ဆိုက္မွာ flash sale ပုံစံ ေရာင္းခ်ေနၿပီ ျဖစ္ပါတယ္။

K3 ဖုန္းမွာ မ်က္ႏွာျပင္ အရြယ္အစား ၆.၅ လက္မ OLED panel နဲ under display fingerprint scanner ပါဝင္လာပါတယ္။ ဖုန္းမွာ notch မပါဝင္ဘဲ selfie ကင္မရာကုိ သီးသန္႔ mechanism တစ္ခုနဲ႔ ဖန္တီးထားပါတယ္။ ေရွ႕ကင္မရာကေတာ့ 16MP ျဖစ္ၿပီး ေက်ာဘက္ကင္မရာကို 16MP + 2MP ေပါင္းစပ္ေပးထးပါတယ္။ ဖုန္းမွာ ColorOS 6 နဲ႔အတူ Android Pie ကိုအသုံးျပဳထားပါတယ္။

Oppo K3 မွာ ဘက္ထရီ 3,765 mAh အတြက္ VOOC 3.0 ေထာက္ပံ့မႈပါဝင္လာပါတယ္။ ဖုန္းရဲ႕ေက်ာဘက္ကတာ့ Oppo Reno နဲ႔ဆင္ပါတယ္။ Oppo K3 ကုိ ပန္းေရာင္နဲ႔ အနက္ဆိုၿပီး ထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။

Oppo K3 ကို ေမာ္ဒယ္ ၂ မ်ိဳးထုတ္လုပ္သြားမွာ ျဖစ္ပါတယ္။ Oppo K3 အတြက္ 6/64GB ဗားရွင္းကုိ ေဒၚလာ၂၃၀ နဲ႔ 8/128GB ကုိေတာ့ ၂၇၅ ေဒၚလာနဲ႔ ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: GSMArena

[ Unicode ]

Oppo K3 ဟာ ပေါက်ကြားထွက်ပေါ်မှုတွေ များစွာအပြီး တရားဝင်ထွက်ရှိလာပြီ ဖြစ်ပါတယ်။ Opp K3 မှာ Snapdragon 710 chipset, RAM 6GB နဲ့ pop-up selfie ကင်မရာတို့ ပါဝင်လာပါတယ်။ ဈေးနှုန်းကလည်း သက်သာပါတယ်။ Oppo ဝက်ဘ်ဆိုက်မှာ flash sale ပုံစံ ရောင်းချနေပြီ ဖြစ်ပါတယ်။

K3 ဖုန်းမှာ မျက်နှာပြင် အရွယ်အစား ၆.၅ လက်မ OLED panel နဲ under display fingerprint scanner ပါဝင်လာပါတယ်။ ဖုန်းမှာ notch မပါဝင်ဘဲ selfie ကင်မရာကို သီးသန့် mechanism တစ်ခုနဲ့ ဖန်တီးထားပါတယ်။ ရှေ့ကင်မရာကတော့ 16MP ဖြစ်ပြီး ကျောဘက်ကင်မရာကို 16MP + 2MP ပေါင်းစပ်ပေးထးပါတယ်။ ဖုန်းမှာ ColorOS 6 နဲ့အတူ Android Pie ကိုအသုံးပြုထားပါတယ်။

Oppo K3 မှာ ဘက်ထရီ 3,765 mAh အတွက် VOOC 3.0 ထောက်ပံ့မှုပါဝင်လာပါတယ်။ ဖုန်းရဲ့ကျောဘက် ကတာ့ Oppo Reno နဲ့ဆင်ပါတယ်။ Oppo K3 ကို ပန်းရောင်နဲ့ အနက်ဆိုပြီး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Oppo K3 ကို မော်ဒယ် ၂ မျိုးထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ Oppo K3 အတွက် 6/64GB ဗားရှင်းကို ဒေါ်လာ၂၃၀ နဲ့ 8/128GB ကိုတော့ ၂၇၅ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref: GSMArena