Full MBA Scholarship အတွက် လျှောက်လွှာလက်ခံရက် တိုးမြှင့်

𝗧𝗲𝗹𝗲𝗻𝗼𝗿 𝗠𝘆𝗮𝗻𝗺𝗮𝗿 နဲ့ 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗠𝗲𝘁𝗿𝗼𝗽𝗼𝗹𝗶𝘁𝗮𝗻 𝗖𝗼𝗹𝗹𝗲𝗴𝗲 (𝗠𝗠𝗖) တို့ပူးပေါင်းစီစဉ်တဲ့ 𝗙𝘂𝗹𝗹 𝗠𝗕𝗔 𝗦𝗰𝗵𝗼𝗹𝗮𝗿𝘀𝗵𝗶𝗽 အတွက် လျှောက်လွှာလက်ခံမယ့် ရက်ကို စက်တင်ဘာ ၁၄ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

ယခင်က သြဂုတ် ၃၁ ရက်သတ်မှတ်ထားပြီး စက်တင်ဘာ ၁၄ ရက် အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါ ပညာသင်ဆုမှာ Telenor Myanmar နဲ့ Myanmar Metropolitan College (MMC) မှ မြန်မာနိုင်ငံမှာ လူ့စွမ်းအား အရင်းအမြစ်တွေကို ကောင်းမွန်တဲ့ သင်ကြားမှုနဲ့ အတွေ့အကြုံများမှ တစ်ဆင့် တိုးတက်လာအောင် စီစဉ်တင်ဆက်ခြင်း ဖြစ်ပြီး Full MBA Scholarship ဆွတ်ခူးရရှိသူဟာ Switzerland နိုင်ငံရှိ University of Business and International Studies – UBIS မှတိုက်ရိုက်ချီးမြှင့်တဲ့ Master Degree ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

MBA Program ကို တက်ရောက်သင်ကြားခွင့်ရရှိမယ့်အပြင် Telenor Myanmar မှ စီစဉ်ထောက်ပံ့ပေးတဲ့ ဆက်သွယ်ရေးနဲ့ ICT Management အထူးပြုတဲ့ MBA သင်ခန်းစာတွေကိုလည်း တက်ရောက်သင်ယူနိုင်မှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို https://bit.ly/2WnaGg0 မှာ ရယူနိုင်ပြီး အသေးစိတ်ကို ဖုန်း – ၀၉၂၆၃၃၃၄၂၂၃ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««