Fujiflim instax SQUARE SQ20

1/5″ CMOS Sensor အသုံးပြုထားပြီး 62 x 62 mm အရွယ်အစားဓာတ်ပုံတွေ ချက်ချင်းရိုက် ချက်ချင်းထွက်မယ့် Instax Camera ဖြစ်ပါတယ် ။ Instax Camera စနစ်ရော၊ Hybrid Digital စနစ်ပါ ပါဝင်တဲ့အတွက် 3.68 Megapixel အရည်အသွေးရှိတဲ့ ပုံတွေကို သိမ်းဆည်းထားနိုင်ပါတယ်။ခရီးဆောင် ကင်မရာအနေနဲ့ ရှုခင်းပုံတွေသာမက ဆယ်ဖီရိုက်ကူးတဲ့အခါမှာလည်း အဆင်ပြေစေမှာ ဖြစ်ပါတယ်။ Memory Card Slot ပါဝင်ပြီး microSD/microSDHC ကတ်တွေ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ အခြား Instax ကင်မရာတွေနဲ့မတူဘဲ Time Shift Collage, Frame Grab နဲ့ Sequence Filter တို့လို ဆန်းသစ်တဲ့ Function တွေ ပါရှိလာတာကလည်း Instax Square SQ 20 ရဲ့ အဓိကအားသာချက်ပါ။ ဗီဒီယို အနေနဲ့ H.264 800 x 800 at 15p အရည်အသွေးနဲ့ ရိုက်ကူးနိုင်ပြီး ရိုက်ပြီးပါက စိတ်ကြိုက်နေရာမှာ ထားကာ ပုံအဖြစ် ပြန်ထုတ်နိုင်မှာပါ။ LCD အနေနဲ့ ၂.၇ လက်မ အရွယ်ရှိ Fixed LCD လည်း ထောက်ပံ့ပေးထားပါတယ်။ ISO Auto, 100 ကနေ 1600 အထိ စွမ်းဆောင်ပေးမှာ ဖြစ်ပါတယ်။ Shutter Speed အနေနဲ့ 1/7500 to 1/2 Second in Program Mode , 0 to 10 Seconds in Bulb Mode အထိ ရိုက်ပေးနိုင်ပြီး Exposure Modes ကို အလိုအလျှောက် ညှိပေးနိုင်တဲ့ စနစ် ထည့်သွင်းပေးထားပါတယ်။

USD 199$ + Tax နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပြီး Fujifilm Myanmar ဖုန်း – ၀၉ ၇၆၁၆၉၀၈၄၇ မှာဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ