FUJIFILM X100V Digital Camera

တန်ဖိုး – ကန်ဒေါ်လာ 1399 USD + tax

အားသာချက်

ပြည်တွင်း‌ဈေးကွက် ရောက်ရှိပြီဖြစ်တဲ့ ကင်မရာဖြစ်ပါတယ်။ X-100 series ရဲ့ ပဉ္စမမျိုးဆက်ဖြစ်တဲ့ X-100V ကင်မရာမှာ နောက်ဆုံးထုတ် 26.1MP X-Trans Sensor ပါဝင်ပြီး Aspherical မှန်ဘီလူးတစ်ချပ် ထပ်ပေါင်းထည့်ပေးထားတဲ့ XF 23mm F2R Mark II မှန်ဘီလူးကို အသုံးပြုထားလို့ Sharping ကောင်းပြီး မျက်စိရှေ့မှာရှိနေတဲ့ မြင်ကွင်းတွေကို 35mm မြင်ကွင်းအနေအထားနဲ့ အရှင်းလင်းဆုံးနဲ့ အပြတ်သားဆုံး ရိုက်ကူးယူနိုင်တဲ့အပြင် Eterna and Classic Negative Film Simulation ကြောင့်ကာလာဖလင်နဲ့ရိုက်နေတဲ့ အတိုင်း ခံစားစေမှာပါ။ ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ DCI 4K (4096 x 2160) at 23.976p/24.00p ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 160 to 12800 (Extended: 80 to 51200) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ Up to 11 fps at 26.1 MP for up to 17 Frames (Raw) / 38 Frames (JPEG) ရရှိမှာပါ ။ View finder ကို 3.69m-Dot အရည်အသွေးရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ LCD အနေနဲ့ 1.62m-dot အရည်အသွေးရှိ ၃ လက်မ အရွယ် Tilting Touchscreen ပါ၀င်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းက လည်း Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 425 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm X Mount ပဲ ဖြစ်ပါတယ်။ Wifi နဲ့ Bluetooth ထောက်ပံ့မှု ပါ၀င်သလို ပုံထွက်ကောင်းစေဖို့ အထောက်အကူပြု Filter တွေ Mode တွေ များစွာ ထောက်ပံ့ပေးထားပါတယ်။

အားနည်းချက်

Fixed Lens ဖြစ်တဲ့အတွက် အခြား DSLR Camera တွေလို မှန်ဘီလူး အဖြုတ်အတပ် လုပ်လို့မရတဲ့ အားနည်းချက် ရှိနေတဲ့အတွက် Multi -purpose အသုံးပြုဖို့ရာ အဆင်မပြေနိုင်ပါဘူး။ Card Slot အနေနဲ့လည်း တစ်ခုပဲ ထောက်ပံ့ပေးထားပါတယ်။

သုံးသပ်ချက်

Sensor နည်းပညာပိုင်း တမူထူးခြားပြီး ပုံရိပ်ဖမ်းယူမှုအတွက် ရသတစ်မျိုး ရရှိစေနိုင်ပါတယ်။ ရှေးဟောင်းဖလင်ကင်မရာရဲ့ ရသကို ရရှိစေမှာ ဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် Street Photographer တွေ သဘောကျစေမယ့် ကင်မရာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။Video ကို DCI 4K (4096 x 2160) at 23.976p/24.00p ရရှိမှာပါ ။ Shutter Speed အနေနဲ့ Mechanical Shutter မှာ1/4000 to 30 Second in Aperture Priority Mode ,1/4000 to 900 Second in Shutter Priority Mode , 1/4000 to 900 Second in Manual Mode , 1/4000 to 4 Second in Program Mode , 0 to 60 Minute in Bulb Mode တွေ Electronic Shutter အပိုင်းမှာ 1/32000 to 30 Second in Aperture Priority Mode ,1/32000 to 900 Second in Shutter Priority Mode , 1/32000 to 900 Second in Manual Mode , 1/32000 to 4 Second in Program Mode တွေ စွမ်းဆောင်နိုင်ပါတယ်။

Bult-in Flash အနေနဲ့ ထောက်ပံ့ထားပေးခြင်း ရှိသလို External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါ၀င်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes နဲ့ Filter တွေအပိုင်းမှာ လိုလေသေး မရှိအောင် ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Center-Weighted Average, Multi, Spot, TTL 256-Zones တို့ပါ၀င်ပါတယ်။ချိတ်ဆက်မှုပိုင်းကတော့ 2.5mm Sub-Mini, HDMI D (Micro), USB Type-C (USB 3.0), WiFi, Bluetooth တွေ ရရှိနိုင်ပါတယ်။

Card Slot တစ်ခုပါ၀င်ပြီး SD/SDHC/SDXC ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 1.62m-dot အရည်အသွေးရှိ ၃လက်မအရွယ် Touchscreen Tilting LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့ 3.69m-Dot OLED EVF ထောက်ပံ့ထားပါတယ်။ ဘက်ထရီအနေနဲ့ NP-W126S Rechargeable Lithium-Ion, 8.4 VDC, 1260 mAh ဘက်ထရီ အသုံးပြုပါတယ်။ အရွယ်အစား 128 x 74.8 x 53.3 mm ရှိပြီး အလေးချိန် 478 g လေးပါတယ်။ အရောင်အနေနဲ့ကတော့ Black နဲ့ Silver လဆိုပြီး၀င်ရောက်မှာပါ။ Fujifilm Myanmar ဖုန်း – ၀၉ ၇၆၁ ၆၉ ၀ ၈၄၇ ကို ဆက်သွယ်၀ယ်ယူ နိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H