Fujifilm X-T200 Mirrorless Digital Camera

တန်ဖိုး – ကန်ဒေါ်လာ ၇၃၉

အားသာချက်

ပြည်တွင်းစျေးကွက်ထဲမှာ ဝယ်ယူနိုင်ပြီဖြစ်တဲ့ X-T200 ကင်မရာဖြစ်ပါတယ်။ Bayer-filtered sensor ဖြစ်တာကြောင့် ပုံအတွက် မလိုအပ်တဲ့ Noise တွေကို အလွယ်တကူ လျှော့ချပေးနိုင်သလို တိကျတဲ့ပုံရိပ်တွေကို Color Accurate ကောင်းကောင်းနဲ့ ရိုက်ကူးပေးနိုင်ပြီး Sensor ရဲ့ အရွယ်အစားအတွက် ကောင်းမွန်တဲ့ ISO စွမ်းဆောင်ရည်ကိုလည်း ရရှိစေမှာဖြစ်ပါတယ်။ 23.5 x 15.7 mm အရွယ်ရှိ APS-C (1.5x Crop Factor) APS-C X-Trans BSI CMOS 4 Sensor ပါဝင်ပါတယ်။ X-Processor 4 with Quad CPU ထောက်ပံ့ပေးထားပါတယ်။ 24.2 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ DCI and UHD 4K60 Video; F-Log Gamma ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 200 to 12800 (Extended: 100 to 51200) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 8 fps အထိရရှိမှာပါ။ 2.36m-Dot အရည်အသွေးရှိပြီး ၀.၃၉ လက်မအရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ 1.04m-dot အရည်အသွေးရှိ ၃.၅ လက်မအရွယ် Articulating Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) ဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm X Mount ပဲဖြစ်ပါတယ်။ Wifi & Bluetooth ထောက်ပံ့မှု ပါရှိသလို လှုပ်ရှားပုံတွေ ရိုက်ကူးရာမှာ အဆင်ပြေစေမယ့် Sports Finder Mode ပါဝင်လာပါတယ်။

အားနည်းချက်

ယခင်ထွက်ရှိထားတဲ့ X-T3 နဲ့ယှဉ်ရင် FPS နည်းပါးသလို Photo Ratio အပိုင်းမှာ အခြားသော ကင်မရာတွေလို မစုံလင်လှဘဲ 3:2 တစ်မျိုးတည်းပဲ ရပါတယ်။ ဒီအတွက် အခြားသော Ratio နဲ့ ပုံရိပ်ကူးယူမယ်ဆိုရင် အမြင် သတိထားရမယ့် အနေအထားပါ။

သုံးသပ်ချက်

Sensor နည်းပညာပိုင်း တစ်မူထူးခြားပြီး ပုံရိပ်ဖမ်းယူမှုအတွက် ရသတစ်မျိုး ရရှိစေနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် ခရီးသွားဓာတ်ပုံဆရာတွေ Street Photographer တွေ သဘောကျစေမယ့် ကင်မရာဖြစ်ပါတယ်။ စျေးနှုန်းကလည်း ချိုသာတဲ့အထဲမှာ ပါဝင်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။VDO မှာ UHD 4K (3840 x 2160) at 23.976p/24.00p/25p/29.97p ရရှိမှာပါ ။JPEG မှာ 8 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Mechanical Type မှာ Bulb Mode ကနေ 1 / 4000 အထိ ရရှိနိုင်ပြီး Electronic Type မှာ 1/32000 အထိ ရရှိမှာဖြစ်ပါတယ်။ Bult-in Flash ထောက်ပံ့ပေးထားသလို External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Automatic Scene Recognition, Color Temperature, Custom, Fine, Fluorescent (Cool White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Multiple, Spot တို့ပါဝင်ပါတယ်။ ချိတ်ဆက်မှု အပိုင်းကတော့ USB Type-C (USB 3.1), HDMI D (Micro), 3.5mm Microphone, WiFi နဲ့ BT တွေ ရရှိနိုင်ပါတယ်။

Card Slot တစ်ခုပါဝင်ပြီး SD, SDHC, SDXC ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 1.04m-dot အရည်အသွေးရှိ ၃.၅ လက်မအရွယ် Rear Touchscreen Swivel LCD ကို ထောက်ပံ့ထားပါတယ်။ 3.69m-dot အရည်အသွေးရှိပြီး ၀.၃၅ လက်မအရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ ဘက်ထရီအနေနဲ့ NP-W126S Rechargeable Lithium-Ion, 8.4 VDC, 1260 mAh ဘက်ထရီ အသုံးပြုပါတယ်။ Fujifilm Myanmar ဖုန်း – ၀၉၇၆၁၆၉၀၈၄၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««