FUJIFILM X-T200 Mirrorless Digital Camera with 15-45mm Lens

အားသာချက်

ပြည်တွင်းမှာ ဝယ်ယူနိူင်ပြီဖြစ်တဲ့ FUJIFILM X-T200 Mirrorless Digital Camera ဖြစ်ပါတယ်။ 23.5 x 15.7 mm အရွယ်ရှိ APS-C (1.5x Crop Factor) APS-C CMOS Sensor ပါဝင်ပါတယ်။ 24.2 Megapixel နဲ့ဖြစ်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာတော့ UHD 4K and Full HD Video Recording ရရှိနိုင်ပြီး ISO အနေနဲ့ 200-12800 (Extended Mode: 100-51200) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 8 fps အထိရရှိမှာပါ ။ LCD အနေနဲ့ 2.76m-Dot အရည်အသွေးရှိ ၃.၅ လက်မ အရွယ် Articulating Touchscreen ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Automatic (A), Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Lens Mount ကတော့ FUJIFILM X Mount ပဲဖြစ်ပါတယ်။ Wifi နဲ့ Bluetooth ထောက်ပံ့မှု ပါရှိသလို အလှပုံတွေ ရိုက်ကူးရာမှာ အဆင်ပြေစေမယ့် Face နဲ့ Eye Detection ပါဝင်လာပါတယ်။ ဒီဈေးက 15-45mm Lens အပါအဝင် ဈေးဖြစ်ပါတယ်။ အရောင်အနေနဲ့ Champagne Gold, Silver, Dark Silver ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

အားနည်းချက်

Card Slot တစ်ခုတည်းသာ ထောက်ပံ့ထားတာ ဖြစ်ပါတယ်။ ပြီးတော့ Mirrorless တွေထုံးစံအတိုင်း ဘက်ထရီအပိုင်းမှာ အားနည်းပြီး ရိုက်ချက် (၂၇၀) လောက်သာ ရိုက်နိုင်တာပါ။

သုံးသပ်ချက်

မိမိရိုက်လိုတဲ့ ပုံအမျိုးအစားအလိုက် ပုံကောင်းထွက်ပေါ်လာစေဖို့ အထောက်အကူပြု Mode တွေ၊ Setting တွေ Filter တွေ စုံလင်အောင် ထောက်ပံ့ပေးထားတာကို တွေ့ရသလို ကင်မရာကိုယ်ထည်အနေနဲ့ မိန်းကလေးတွေ အကြိုက်ဖြစ်စေမယ့် အရောင်တွေပါ ကိုင်နိုင်တာကိုတွေ့ရမှာပါ။ ပြီးတော့ Portraits ရိုက်ရာမှာ အကောင်းဆုံးဖြစ်စေမယ့် Mode တွေ၊ Setting တွေ ပါဝင်ထောက်ပံ့ပေးထားပါတယ်။ LCD အနေနဲ့ ပိုမိုကြီးမားအောင် ထောက်ပံ့ပေးထားပြီး လိုအပ်သလို လှည့်နိုင်အောင် ပြုလုပ်ထားပါတယ်။ Face & Eye tracking ပါဝင်တဲ့အတွက် ဓာတ်ပုံတွင်သာမက Video ရိုက်ကူးရာမှာလည်း ဘယ်လို ရွေ့လျားမှုမျိုးကိုမဆို အမိအရ ဖမ်းဆုပ်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။Video မှာ UHD 4K (3840 x 2160) at 23.976p/24.00p/25p/29.97p ရရှိမှာပါ ။JPEG မှာ 8 Frames အထိရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Mechanical Type မှာ Bulb Mode ကနေ 1 / 4000 အထိရရှိနိုင်ပြီး Electronic Type မှာ 1/32000 အထိ ရရှိမှာဖြစ်ပါတယ်။ Built-in Flash ထောက်ပံ့ပေးထားသလို External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Automatic Scene Recognition, Color Temperature, Custom, Fine, Fluorescent (Cool White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Multi-Zone, Spot တို့ပါဝင်ပါတယ်။ ချိတ်ဆက်မှု အပိုင်းကတော့ USB Type-C (USB 3.1), HDMI D (Micro), 3.5mm Microphone, BT, WiFi တွေ ရရှိနိုင်ပါတယ်။

Card Slot တစ်ခု ပါဝင်ပြီး SD/SDHC/SDXC (UHS-I) ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2.76m-Dot အရည်အသွေးရှိ ၃.၅ လက်မအရွယ် Articulating Touchscreen ကို ထောက်ပံ့ထားပါတယ်။ ဘက်ထရီအနေနဲ့ NP-W126S Rechargeable Lithium-Ion, 8.4 VDC, 1260 mAh ဘက်ထရီ အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် ပုံအရေအတွက် (၂၇၀) လောက် ရိုက်နိုင်မှာပါ။ ကိုယ်ထည် အရွယ်အစားက 121 x 83.7 x 55.1 mm ဖြစ်ပြီး အလေးချိန် 370g ရှိပါတယ်။ FUJIFILM Myanmar ဖုန်း – ၀၉ ၇၆၁၆၉၀၈၄၇ ကနေ တရားဝင် တင်သွင်းဖြန့်ချိတာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H