FUJIFILM X-Pro3 Mirrorless Digital Camera

တန်ဖိုး- ကန်ဒေါ်လာ 1799 $ Black

USD 1999$ (Dura Black & Dura Silver)

အားသာချက်

ပြည်တွင်းဈေးကွက်မှာ ကိုယ်ထည်အရောင်သုံးမျိုးနဲ့ ဝယ်ယူနိုင်မယ့် FUJIFILM X-Pro3 Mirrorless Digital Camera ဖြစ်ပါတယ်။ 23.5 x 15.6 mm အရွယ်ရှိ APS-C (1.5x Crop Factor) APS-C X-Trans BSI CMOS 4 Sensor ပါဝင်ပါတယ်။ X-4 Image Processor CPU ထောက်ပံ့ပေးထားပါတယ်။ 26.1 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ DCI 4K (4096 x 2160) at 23.976p/24.00p/25p/29.97p [100 to 200 Mb/s] ရရှိနိုင်ပြီး ISO အနေနဲ့ Auto, 160 to 12800 အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ 3.69m-dot အရည်အသွေးရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ 1.62m-dot resolution အရည်အသွေးရှိ ၃ လက်မအရွယ် 180° Tilting Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ Focus Point စနစ်ပိုင်းက Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 425 အထိ ရရှိနိုင်မှာ ဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm X Mount ပဲဖြစ်ပါတယ်။ Film simulation mode အနေနဲ့လည်း ၁၇ ခု ထောက်ပံ့ပေးထားပါတယ်။ WiFi နဲ့ Bluetooth ထောက်ပံ့မှု ပါရှိသလို Weather resistance ပါရှိလို့ ကြမ်းတမ်းတဲ့ ရာသီဥတု အခြေအနေတွေမှာလည်း အကောင်းဆုံး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျစ်လျစ်တဲ့တည်ဆောက်ပုံနဲ့ retro-design ကို inspired လုပ်ထားတာကြောင့် ဒီဇိုင်းအမြင်ဆန်းရုံသာမက ကိုင်တွယ်ရိုက်ကူးမှုမှာလည်း အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ Black, Dura Black & Dura Silver ဆိုပြီး သုံးမျိုး ဝင်ရောက်ပါတယ်။

အားနည်းချက်

Sensor အရွယ်အစားသေးငယ်ပြီး သာမန်အသုံးပြု ကင်မရာဖြစ်ပေမယ့် Built-in Flash ထောက်ပံ့ပေးထားမှု မရှိတာက နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

သုံးသပ်ချက်

Sensor နည်းပညာပိုင်း တစ်မူထူးခြားပြီး ပုံရိပ်ဖမ်းယူမှုအတွက် ရသတစ်မျိုး ရရှိစေနိုင်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်တာဖြစ်တဲ့အတွက် ခရီးသွားဓာတ်ပုံဆရာတွေ Street Photographer တွေ သဘောကျစေမယ့် ကင်မရာဖြစ်ပါတယ်။ များစွာသော manual controls တွေကြောင့် Film Camera ကိုင်ရိုက်ရတဲ့ အရသာကို ပြန်ရရှိစေမှာပါ။ Street Photographer တွေရဲ့ အကြိုက်ဖြစ်စေမှာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံ ဆက်တိုက်ရိုက်ကူးမှုအတွက် fps 11 အထိရရှိမှာဖြစ်ပါတယ်။Video မှာ UHD 4K60 Video ရရှိမှာပါ ။ Shutter Speed အနေနဲ့ အနှေးဆုံး Mechanical Type မှာ 1/8000 to1 Second , Bulb Mode ,Time Mode အထိ ရရှိမှာဖြစ်ပါတယ်။ Built-in Flash ထောက်ပံ့ပေးထားမှု မရှိပါဘူး။ External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5EV (in 1/3 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White balance အနေနဲ့ Automatic Scene recognition / Custom1~3 / Color temperature selection (2500K~10000K) / Preset: Fine,Shade, Fluorescent light (Daylight), Fluorescent light (Warm White), Fluorescent light (Cool White),Incandescent light, Underwater စတာတွေ ထောက်ပံ့ထားပါတယ်။ ချိတ်ဆက်မှုပိုင်းကတော့ USB Type-C (USB 3.0), 2.5mm Sub-Mini , BT , WiFi စတာတွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Card Slot နှစ်ခုပါဝင်ပြီး SD, SDHC, SDXC စတာတွေ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ Display ပိုင်းအတွက် 1.62m-dot အရည်အသွေးရှိ ၃ လက်မအရွယ် 180° Tilting Touchscreen LCD ကို ထောက်ပံ့ထားပါတယ်။ 3.69 m-dot အရည်အသွေးရှိပြီး ၀.၅ လက်မ အရွယ်ရှိ OLED အီလက်ထရောနစ် View Finder ထောက်ပံ့ထားပါတယ်။ ဘက်ထရီအနေနဲ့ NP-W126S Rechargeable Lithium-Ion Battery Pack, 7.2 VDC, 1260 mAh ဘက်ထရီ အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစားက 40.5mm × (H) 82.8mm × (D) 46.1mm ဖြစ်ပြီး အလေးချိန်က 447g ရှိပါတယ်။ အရောင်သုံးမျိုးနဲ့ဝင်ရောက်ပြီး မိမိရွေးချယ်လိုတဲ့ အရောင်အပေါ်မူတည်ကာ ဈေးအနည်းငယ် ကွာသွားမှာဖြစ်ပါတယ်။ Fujifilm Myanmar ဖုန်း – ၀၉ ၇၆၁ ၆၉ ၀ ၈၄၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««