FUJIFILM X-Pro3 Mirrorless Digital Camera

တန်ဖိုး ကန်ဒေါ်လာ 1999.95$

အားသာချက်

ခေတ်ဟောင်း TLR ပုံနဲ့ ဒီဂျစ်တယ်ဒီဇိုင်း ပေါင်းစပ်ထားတဲ့ကင်မရာပါ။ စျေးကွက်ထဲကိုမရောက်သေးပေမယ့် ကြိုတင်မှာယူနိုင်ပါတယ်။ 23.5 x 15.6 mm အရွယ်ရှိ APS-C (1.5x Crop Factor) APS-C X-Trans BSI CMOS 4 Sensor ပါ ၀င်ပြီး X-Processor 4 Image Processor ထောက် ပ့ံပေးထားပါတယ်။ 26.1 Megapixel ပါ၀င်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ DCI 4K (4096 x 2160) at 23.976p/24.00p ရရှိနိုင်သလို ISO ပိုင်းမှာလည်း Auto, 160-12800 အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ အသေးစိတ် ဖော်ပြထားခြင်းတော့ မရှိသေးပါဘူး။ View finder ပိုင်းမှာ 3.69m-Dot အရည်အသွေးရှိ OLED အီလက်ထရောနစ် View Finder နဲ့ Hybrid 0.5x OVF ထောက်ပံ့ထားပါတယ်။ LCD အနေနဲ့ 1.62m-dot အ ရည်အသွေးရှိ ၃ လက်မအရွယ် Hidden 180 ံ Touchscreen Tilting LCD ပါ၀င်ပြီး ထိတွေ့စေ ခိုင်းနိုင်မှာ ဖြစ်ပါတယ်။ Focus Point စနစ်ပိုင်းမှာ Manual Focus, Auto ရရှိနိုင်ပြီး Continuous-Servo AF (C), Manual Focus (M), Single-servo AF (S) ဖြစ်ပါတယ်။ Focus Point Phase Detection: 425 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm X Mount ပဲဖြစ်ပါတယ်။ Wifi နဲ့ Bluetooth စနစ်ထောက်ပံ့မှု ပါဝင်သလို ပုံထွက်ကောင်းစေဖို့အတွက် အထောက်အကူပြုတဲ့ Filter တွေ Mode တွေလည်း များစွာထောက်ပံ့ပေး ထားပါတယ်။ ဒီစျေးကတော့ ကိုယ်ထည်သီးသန့်စျေးသက်သက် ဖြစ်ပါတယ်။

အားနည်းချက်

ဗီဒီယိုပိုင်းမှာ DCI 4K ရရှိတယ်ဆိုပေမယ့် FPS နည်းပါးသလို ဓာတ်ပုံရဲ့ FPS ကိုလည်း ထည့်သွင်း ကြော်ငြာထားခြင်း မရှိသေးပါဘူး။ အလင်းပေးစနစ် အတွက် Internal Flash ထောက်ပံ့ပေးထားခြင်းလည်း မရှိပါဘူး။

သုံးသပ်ချက်

Sensor နည်းပညာပိုင်းတမူ ထူးခြားပြီး ပုံရိပ်ဖမ်းယူမှုအတွက် ရသတစ်မျိုး ရရှိစေနိုင်ပါတယ်။ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် ခရီးသွားဓာတ်ပုံ ဆရာတွေ ၊ ရှုခင်းသမားတွေ နဲ့ Street Photographer တွေ သဘောကျစေမယ့် ကင်မရာဖြစ်ပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာတော့ UHD 4K 60 Video ရရှိမှာပါ ။ Shutter Speed အနေနဲ့ အ နှေးဆုံး Bulb Mode ကနေ 1 / 8000 အထိ ရရှိနိုင်ပါတယ်။ Bult-in Flash အနေနဲ့ ထောက်ပံ့ထားပေးခြင်း မရှိပေမယ့် External Flash တပ်ဆင်ဖို့အတွက် Hot shoe ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes နဲ့ Filter ပိုင်းမှာ လိုအပ်ချက်မရှိအောင် ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average Metering, Center-Weighted Average Metering, Multi-Zone Metering, Spot Metering တို့ ပါ၀င်ပါတယ်။ချိတ်ဆက်မှု ပိုင်းအတွက် USB Type-C (USB 3.0), 2.5mm Sub-Mini, WiFi, Bluetooth တွေ ပါဝင်ပါတယ်။

Card Slot နှစ်ခုပါဝင်ပြီး SD, SDHC, SDXC ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display ကိုတော့ 1.62m-dot အရည်အသွေးရှိတဲ့ ၃ လက်မအရွယ် Hidden Touchscreen Tilting LCD ကို ထောက်ပံ့ထားပါတယ်။ View Finder အနေနဲ့ Hybrid 0.5x OVF with 3.69m-Dot OLED EVF ထောက်ပံ့ထားပါတယ်။ ဘက်ထရီပိုင်းမှာတော့ NP-W126S Rechargeable Lithium-Ion ဘက်ထရီ အသုံးပြုပါတယ်။ အရောင်အနေနဲ့ကတော့ Black, Dura Black Dura Silver ဆိုပြီး ဝင်ရောက်မှာ ဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H