FUJIFILM X-E3 Mirrorless Digital Camera with 15-45mm Lens

တန်ဖိုး – အမေရိကန်ဒေါ်လာ 713$

အားသာချက်

ပြည်တွင်းစျေးကွက်မှာ ဝယ်ယူနိုင်ပြီ ဖြစ်တဲ့ Fujifilm X-E3 Mirrorless Camera ဖြစ်ပါတယ်။ 23.5 x 15.7 mm အရွယ်ရှိ APS-C (1.5x Crop Factor) X-Trans CMOS III Sensor ပါဝင်ပါတယ်။ Processor အနေနဲ့ X-Processor Pro Image Processor ထောက်ပံ့ပေးထားပါတယ်။ 24.3 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ UHD 4K and Full HD Video Recording ရရှိနိုင်ပြီး ISO အနေနဲ့ 200-12800 (Extended Mode: 100-51200) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ 8fps ကနေ 14fps အထိ ရရှိမှာပါ ။1.04m-dot အရည်အသွေးရှိ ၃ လက်မအရွယ် Fixed Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ 2.36m-dot electronic viewfinder လည်း ထောက်ပံ့ပေးထားပါတယ်။ Focus Point စနစ်ပိုင်းမှာလည်း Manual Focus, Auto ရရှိနိုင်ပြီး Automatic (A), Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point 91 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm X Mount ပဲဖြစ်ပါတယ်။ WiFi & Bluetooth ထောက်ပံ့မှု ပါရှိသလို ဒီစျေးက 15-45mm Lens အပါအဝင် စျေးနှုန်း ဖြစ်ပါတယ်။

အားနည်းချက်

LCD အနေနဲ့ Fixed Lens ဖြစ်လို့ လှန်တာလှည့်တာ မရသလို Card Slot အနေနဲ့လည်း တစ်ခုတည်း ထောက်ပံ့ပေးထားပါတယ်။ Focus Point တွေလည်း နည်းပါးပါတယ်။ Built-in Flash မထောက်ပံ့ပေးထားပါဘူး။

သုံးသပ်ချက်

Flim ခေတ်က ကင်မရာကို ပြန်ကိုင်ရသလို ရသမျိုး ပြန်လည် ရရှိစေမှာပါ။ မိမိရိုက်လိုတဲ့ ပုံအမျိုးအစားအလိုက် ပုံကောင်းထွက်ပေါ်လာစေဖို့ အထောက်အကူပြု Mode တွေ၊ Setting တွေ Filter တွေ Film Simulation တွေ စုံလင်အောင် ထောက်ပံ့ပေးထားတာကို တွေ့ရသလို တစ်စက္ကန့်ကို ၈ ပုံကနေ ၁၄ ပုံအထိ ရိုက်ကူးနိုင်တဲ့ Fps High Continuous Shooting ထောက်ပံ့ပေးထားပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG, RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video မှာ UHD 4K (3840 x 2160) at 23.976p/24.00p/25p/29.97p ရရှိမှာ ဖြစ်ပြီး JPEG မှတော့ 8 to 14 Frames အထိ ရရှိမှာပါ။ Shutter Speed အနေနဲ့ Mechanical Shutter မှာ 1/4000 to 4 Seconds in Program Mode , 1/4000 to 30 Seconds in Aperture Priority Mode , 1/4000 to 900 Seconds in Manual Mode , 0 to 60 Minutes in Bulb Mode တွေ Electronic Shutter မှာ 1/32000 to 4 Seconds in Program Mode , 1/32000 to 30 Seconds in, Aperture Priority Mode , 1/32000 to 900 Seconds in Manual Mode , 1 Second in Bulb Mode တွေ Electronic Front Curtain Shutter မှာ 1/32000 to 4 Seconds in Program Mode , 1/32000 to 30 Seconds in Aperture Priority Mode , 1/32000 to 900 Seconds in Manual Mode ,0 to 60 Minutes in Bulb Mode အထိ ရပါတယ်။ Built-in Flash မထောက်ပံ့ပေးထားဘဲ External Flash တပ်ဆင်ဖို့အတွက် Hot shoe ကိုပဲ ထောက်ပံ့ပေးထားပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Automatic Scene Recognition, Color Temperature, Custom, Daylight, Fluorescent (Cool White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Center-Weighted Average, Multiple, Spot တို့ပါဝင်ပါတယ်။ ချိတ်ဆက်မှု အပိုင်းကတော့ 2.5mm Sub-Mini, HDMI D (Micro), USB Micro-B (USB 2.0), BT, WiFi တွေ ရရှိနိုင်ပါတယ်။

Card slot တစ်ခု ပါဝင်ပြီး SD/SDHC/SDXC (UHS-I) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen display အနေနဲ့ 1.04M-DOT အရည်အသွေးရှိ ၃ လက်မအရွယ် Fixed LCD Touchscreen ကို ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအနေနဲ့ NP-W126S Rechargeable Lithium-Ion , 8.4 VDC, 1260 MAH ဘက်ထရီ အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစားက 121.3 X 73.9 X 42.7 MM ဖြစ်ပြီး အလေးချိန် 337G ရှိပါတယ်။ ပြည်တွင်းစျေးကွက်မှာ INSTOCK အနေနဲ့ ဝယ်ယူနိုင်ပြီး FUJIFILM MYANMAR ဖုန်း – ၀၉ ၇၆၁၆၉ ၀၈၄၇ ကနေ တရားဝင် တင်သွင်းတာဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««