FUJIFILM X-A7 Mirrorless Digital Camera

တန်ဖိုး – အမေရိကန်ဒေါ်လာ ၆၀၈

အားသာချက်

ပြည်တွင်းစျေးကွက်မှာ တရားဝင် ဝယ်ယူနိုင်မယ့် အမျိုးအစားဖြစ်ပါတယ်။ 23.5 x 15.7 mm အရွယ်ရှိ APS-C (1.5x Crop Factor) APS-C CMOS Sensor ပါဝင်ပါတယ်။ 24.2 Megapixel ပါဝင်ပြီး ဓာတ်ပုံကို JPEG Format အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုပိုင်းမှာ UHD 4K and Full HD Video Recording ရရှိနိုင်ပြီး ISO အနေနဲ့ကတော့ 200-12800 (Extended Mode: 100-51200) အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Frame Per Second fps အနေနဲ့ 6 fps အထိ ရရှိမှာဖြစ်ပါတယ်။ 2.76m-Dot အရည်အသွေးရှိ ၃.၅ လက်မအရွယ် Articulating Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာပါ။ LCD Display ကို နှစ်ပိုင်းခွဲပြီးတော့ Adv ရဲ့ လုပ်ဆောင်ချက်ကို ယှဉ်ကြည့်နိုင်ပါတယ်။ Focus Point စနစ်ပိုင်းကလည်း Manual Focus, Auto ရရှိနိုင်ပြီး Automatic (A), Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ဖြစ်ပါတယ်။ Focus Point 117 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ ထူးခြားတာက ပထမဦးဆုံး X-A Series ထဲမှာ Joystick ( Focus Lever) ပါတဲ့ ကင်မရာ ဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm X Mount ပဲဖြစ်ပါတယ်။ Wifi & Bluetooth ထောက်ပံ့မှု ပါရှိသလို အလှပုံတွေ ရိုက်ကူးရာမှာ အဆင်ပြေစေမယ့် Face နဲ့ Eye Detection စနစ်တွေလည်း ပါဝင်လာပါတယ်။ အရောင် အနေနဲ့ Camel, Mint Green, Silver, Dark Silver ဆိုပြီး အရောင်လေးမျိုး ရှိတဲ့အတွက် နှစ်သက်ရာအရောင်ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

အားနည်းချက်

Viewfinder အနေနဲ့ Optical အနေနဲ့ရော အီလက်ထရစ်နဲ့ပါ ပါဝင်ထောက်ပံ့ပေးထားခြင်း လုံးဝ မရှိပါဘူး။ ပြီးတော့ ဓာတ်ပုံပိုင်းမှာလည်း fps နည်းပါးတာကို တွေ့ရပါတယ်။

သုံးသပ်ချက်

မိမိရိုက်လိုတဲ့ ပုံအမျိုးအစားအလိုက် ပုံကောင်းထွက်ပေါ်လာစေဖို့ အထောက်အကူပြု Mode တွေ၊ Setting တွေ Filter တွေ စုံလင်အောင် ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ Portraits ရိုက်ရာမှာ အကောင်းဆုံးဖြစ်စေမယ့် Mode တွေ၊ Setting တွေ ပါဝင်ပါတယ်။ ထူးခြားချက် နောက်တစ်ချက်က ကင်မရာရဲ့ အရေးပါတဲ့ ကင်မရာ Function တွေ အားလုံးနီးပါးကို Display ပေါ်မှာတင် တိုက်ရိုက် ထိတွေ့ အသုံးပြုနိုင်အောင် ဖန်တီးထားတာပါ။ LCD အနေနဲ့ ထူးခြားဆန်းသစ်ပြီး ပိုမိုကြီးမားအောင် ထောက်ပံ့ပေးထားပြီး လိုအပ်သလို လှည့်နိုင်အောင် ပြုလုပ်ထားပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG အပြင် RAW File နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ ဗီဒီယိုမှာ UHD 4K (3840 x 2160) at 23.976p/24.00p/25p/29.97p ရရှိမှာဖြစ်ပြီး JPEG မှာတော့ 6 Frames အထိ ရရှိမှာပါ။

Shutter Speed အနေနဲ့ အနှေးဆုံး Mechanical Type မှာ Bulb Mode ကနေ 1 / 4000 အထိရရှိနိုင်ပြီး Electronic Type မှာ 1/32000 အထိ ရရှိမှာဖြစ်ပါတယ်။ Built-in Flash ထောက်ပံ့ပေးထားသလို External Flash တပ်ဆင်ဖို့ အတွက် Hot shoe ပါဝင်ပါတယ်။ Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

White Balance Modes မှာ Automatic Scene Recognition, Color Temperature, Custom, Fine, Fluorescent (Cool White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Multi-Zone, Spot တို့ ပါဝင်ပါတယ်။ ချိတ်ဆက်မှုပိုင်းမှာတော့ 2.5mm Sub-Mini, USB Type-C (USB 2.0), HDMI D (Micro) , BT, Wifi တွေ ရရှိနိုင်ပါတယ်။

Card Slot တစ်ခု ပါဝင်ပြီး SD/SDHC/SDXC (UHS-I) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2.76m-Dot အရည်အသွေးရှိ ၃.၅ လက်မအရွယ် Articulating Touchscreen ကို ထောက်ပံ့ထားပါတယ်။ NP-W126S Rechargeable Lithium-Ion, 8.4 VDC, 1260 mAh ဘက်ထရီ အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် ပုံအရေအတွက် ၂၇၀ လောက် ရိုက်ကူးနိုင်မှာပါ။ Fujifilm Myanmar ဖုန်း – ၀၉ ၇၆၁၆၉ ၀၈၄၇ ကနေ တရားဝင် တင်သွင်းတာဖြစ်ပြီး ဒီဇင်ဘာလကုန်ကာလ အထိကို ပရိုမိုးရှင်းစျေးနှုန်းအရ ကန်ဒေါ်လာ 608$ ကျသင့်မှာဖြစ်ပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««