Fujifilm instax SQUARE SQ1

Fujifilm instax SQUARE SQ1 မှာ လုပ်ဆောင်ချက် အသစ်အနေနဲ့ အလင်းအမှောင်ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ automatic exposure ပါလာတာကြောင့် အလင်းရောင်နည်းတဲ့ အခြေအနေမှာ ပုံထွက်မကောင်းမှာကို စိတ်ပူစရာ မလိုဘဲ ရိုက်ကူးနိုင်ပါတယ်။ နောက်ထပ် ပါဝင်လာတဲ့ selfie mode အသစ်ကတော့ Lens ring ကို ဘေးဘက် အလွယ်တကူလှည့်လိုက်ရုံနဲ့ Selfie mode ပွင့်သွားပြီး လှပတဲ့ selfie ပုံတွေကို စိတ်ကြိုက်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးရာမှာ ကိုင်တွယ်ရအဆင်ပြေစေဖို့ ကင်မရာကိုယ်ထည်မှာ လက်ကိုင် grip လေး ထည့်သွင်းပေးထားပါသေးတယ်။ အရွယ်အစား 62 x 62 mm ရှိတဲ့ ဓာတ်ပုံတွေ ချက်ချင်းရိုက် ချက်ချင်းထွက်မယ့် Instax Camera ဖြစ်ပါတယ်။ Exposure Control အနေနဲ့ Automatic, Lv 5.0 to 15.5 (ISO 800) ဖြစ်ပါတယ်။ Programmed electronic shutter 1.6 to 1/400 sec. Slow synchro for low light ရိုက်နိုင်ပြီး Aperture ကို အလိုအလျောက် ညှိပေးနိုင်တဲ့ စနစ် ထည့်သွင်းပေးထားပါတယ်။ lithium batteries (CR2) နှစ်ခဲ ထည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။ အရောင်အနေနဲ့ Gracier Blue, Terracotta Orange, Chalk White ဆိုပြီး ၃ ရောင် ရွေးချယ်နိုင်မှာဖြစ်ပါတယ် ။ အရွယ်အစားက 130.7 mm x 118.6 mm x 57.5 mm ဖြစ်ပြီး အလေးချိန် 390 g ရှိပါတယ်။

အမေရိကန်ဒေါ်လာ ၁၁၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ Fujifilm Myanmar ဖုန်း – ၀၉၇၆၁၆၉၀၈၄၇ ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««