Fujifilm instax mini 11

Instax Camera ထဲမှာ အသစ်ထွက်လာတဲ့ မော်ဒယ်ဖြစ်ပါတယ်။ လုပ်ဆောင်ချက်အသစ်အနေနဲ့ Automatic Exposure ပါဝင်လာတဲ့အတွက် အလင်းရောင်အားနည်းတဲ့ အခြေအနေမှာတောင် အကောင်းဆုံး Instax ပုံလေးတွေ ရရှိစေမှာပါ။ နောက် လုပ်ဆောင်ချက် အသစ်တစ်ခုကတော့ Selfie အတွက် Lens ကို ရှေ့ဆွဲထုတ်ပြီး ရိုက်လို့ရတဲ့ Selfie on လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။ Selfie Mood On ထားပြီး 30 cm – 50 cm အတွင်းရှိ အရာဝတ္ထုတွေကို ပိုမိုကြည်လင်တဲ့ Close-up shot တွေအဖြစ် ရိုက်ကူးနိုင်ပါတယ်။ 1/2 to 1/250 sec. နဲ့ ရိုနိုင်ပြီး Aperture ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ စနစ် ထည့်သွင်းပေးထားပါတယ်။ LR6/AA-size 1.5V alkaline ဘက်ထရီ ၂ လုံး ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ 62 x 46 mm အရွယ်အစားရှိတဲ့ ဓာတ်ပုံတွေကို ချက်ချင်းရိုက် ချက်ချင်း ထုတ်နိုင်မယ့် Instax Camera ဖြစ်ပါတယ်။ ကင်မရာထဲမှာ ပုံတွေကိုတော့ Save ထားလို့ မရပါဘူး။ အရောင်အနေနဲ့ ice White, Charcoal gray, Sky Blue, Lilac Purple, Blush Pink ဆိုပြီး အရောင်ငါးမျိုးနဲ့ ဝင်ရောက်လာတာဖြစ်ပါတယ်။ USD 73$ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ Fujifilm Myanmar ဖုန်း ၀၉၇၆၁၆၉၀၈၄၇ ကိုဆက်သွယ်ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ