
ချက်ချင်းရိုက် ချက်ချင်းထွက် ကင်မရာ မော်ဒယ်သစ် Fujifilm instax mini 11 ဖြစ်ပါတယ်။ Lens Ring နဲ့ Selfie ရိုက်ကူးဖို့အတွက် Selfie Mode ပါဝင်သလို selfie မှန် ထည့်သွင်းပေးထားမို့ ဘယ်လိုအနေအထားမျိုးနဲ့ပဲရိုက်ရိုက် အလှပဆုံး ပုံထွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ သေသပ်ပြီး ပေါ့ပါးလှတဲ့ ဒီဇိုင်းကြောင့်အလွယ်တကူ သယ်ဆောင်သွားနိုင်ပါတယ်။ 1/250 sec.အထိ ရိုက်နိုင်ပြီး Aperture ကို အလို အလျောက် ညှိပေးနိုင်တဲ့ စနစ်ထည့်သွင်းပေးထားပါတယ်။ Shutter စနစ်က Programmed electronic shutter ဖြစ်ပြီး 1/2 ကနေ 1/250 sec. အထိ စွမ်းဆောင်ပေးမှာပါ။ Exposure Control အနေနဲ့ Automatic ဆောင်ရွက်ချက်ကို Lv 5.0 ကနေ 14.5 (ISO 800) စွမ်းဆောင်ပေးနိုင်တဲ့အတွက် အရင်ထုတ်မော်ဒယ်တွေထက် ပိုမိုကြည်လင်တောက်ပတဲ့ ပုံတွေကို ရရှိမှာပါ။ ထည့်သွင်း အသုံးပြုရမယ့် ဘက်ထရီကတော့ LR6/AA-size 1.5V alkaline ဘက်ထရီနှစ်လုံးဖြစ်ပါတယ်။ အရွယ်အစား(62 x 46 mm) ရှိတဲ့ဓာတ်ပုံတွေ ချက်ချင်းရိုက်ချက်ချင်းထွက်မှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၇၃ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Fujifilm Myanmar ဖုန်း ၀၉၇၆၁၆၉၀၈၄၇ ကနေ တရားဝင်တင်သွင်းတာဖြစ်ပါတယ်။
-ကျော်ဇေယျ