FUJIFILM GFX 100S Medium Format Mirrorless Camera

အားသာချက်

မကြာမီ ပြည်တွင်းဈေးကွက်ထဲကို တရားဝင် ရောက်ရှိတော့မှာ ဖြစ်တဲ့ ကင်မရာ ဖြစ်ပါတယ်။ 43.8 x 32.9mm အရွယ်ရှိ BSI CMOS Sensor သုံး Medium Format Mirrorless Camera ဖြစ်ပါတယ်။ X-Processor 4 Image Processor ထောက်ပံ့ပေးထားပါတယ်။ 102 MP ပါဝင်ပြီး ဓာတ်ပုံကို JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ 4K30 Video; F-Log Gamma, 12-Bit Raw Out ရရှိမှာပါ။ ISO အနေနဲ့ Photo မှာ Auto, 100 to 12800 (Extended: 50 to 102400) အထိ ရရှိနိုင်မှာဖြစ်ပြီး ဗီဒီယိုမှာတော့ ISO Sensitivity က 200 to 12800 (Extended: 200 to 25600) ရရှိမှာပါ။ Frame Per Second fps အနေနဲ့ Mechanical Shutter မှာ Up to 5 fps at 102 MP for up to 16 Frames (Raw) / 42 Frames (JPEG), Up to 2 fps at 102 MP for up to 45 Frames (Raw) / Unlimited Frames (JPEG) ရရှိပြီး Electronic Shutter မှာ Up to 2.9 fps at 102 MP for up to 23 Frames (Raw) / 64 Frames (JPEG) အထိ ရရှိမှာဖြစ်ပါတယ်။ 3.69m-dot အရည်အသွေးရှိတဲ့ အီလက်ထရောနစ် OLED View Finder ထောက်ပံ့ပေးထားပါတယ်။ 2.36m-dot အရည်အသွေးရှိ ၃.၂ လက်မအရွယ် 3-Way Tilting Touchscreen LCD ပါဝင်ပြီး ထိတွေ့စေခိုင်းနိုင်မှာဖြစ်ပါတယ်။ Focus Point စနစ်ပိုင်းကလည်း Auto နဲ့ Manual ရနိုင်ပါတယ်။ Focus modes အနေနဲ့ Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) ရရှိမှာဖြစ်ပြီး Auto Focus Point Phase Detection အနေနဲ့ 425 အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm G-mount ပဲဖြစ်ပါတယ်။

အားနည်းချက်

အရင်ထုတ် GXF 100 လောက် Focus Point မများသလို View Finder ကလဲ အဖြုတ်အတပ်လုပ်လို့မရပါဘူး။ GPS အထောက်အပံ့လဲ မပါဝင်ပါဘူး။ ပြည်တွင်းဈေး အတိအကျ မထွက်ရှိသေးပေမယ့် ကိုယ်ထည်သီးသန့်ကို အမေရိကန်ဒေါ်လာ ခြောက်ထောင်ဝန်းကျင် ရှိမှာပါ။

သုံးသပ်ချက်

ဈေးနှုန်းရော အရည်အသွေးပါ မြင့်မားတဲ့ Medium Format Mirrorless Digital Camera ဖြစ်ပါတယ်။ Professional Photographer တွေ၊Street, Nature နဲ့ Documentary ဓာတ်ပုံဆရာတွေအတွက် အဆင်ပြေဆုံးပါ။ ထူးခြားတာက ဒီကင်မရာမှာ Shutter Speed တွေက မိမိသုံးတဲ့ Mode ပေါ်မူတည်ပြီး အပြောင်းလဲတွေ ရှိပါတယ်။ Electronic Front Curtain Shutter လည်း ပါဝင်လာပါတယ်။ ပြီးတော့ အရင်ထုတ်မော်ဒယ်ထက် ကျစ်လျစ်ပေါ့ပါးပြီး ဗီဒီယိုအပိုင်းမှာလည်း အားတွေသာလာပါတယ်။

လုပ်ဆောင်ချက်

ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video မှာ 4K30 Video; F-Log Gamma, 12-Bit Raw Out Video ရရှိမှာပါ ။JPEG မှာတော့ 5 fps ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံး Mechanical Type မှာ 1/4000 to 3600 Seconds , 1/4000 to, 4 Seconds in Program Mode ,1/4000 to 30 Seconds in Aperture Priority Mode တွေ ရရှိနိုင်ပြီး Electronic Type မှာ 1/16000 to 3600 Seconds , 1/16000 to 4 Seconds in Program Mode , 1/16000 to 30 Seconds in Aperture Priority Mode , 0 to 60 Minutes in Bulb Mode ရရှိမှာဖြစ်ပါတယ်။ Electronic Front Curtain Shutter မှာ 1/4000 to 3600 Seconds , 1/4000 to 4 Seconds in Program Mode , 1/4000 to 30 Seconds in Aperture Priority Mode ,0 to 60 Minutes in Bulb Mode ,1/4000 to 1/24 Second in Movie Mode တွေလဲ ထပ်ရနိုင်မှာဖြစ်ပါတယ်။ Built-in Flash အနေနဲ့ မပါဝင်ပါဘူး။ Auto, First-Curtain Sync, Hi-Speed Sync, Manual, Off, Second-Curtain Sync, Slow Sync, TTL Auto တွေ အသုံးပြုနိုင်သလို External Flash တပ်ဆင်ဖို့အတွက် Hot shoe, PC Terminal ပါဝင်ပါတယ်။

Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။ White Balance Modes မှာ Auto, Color Temperature, Custom, Fine, Fluorescent, Incandescent, Shade, Underwater စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Center-Weighted Average, Multi-Zone, Spot တို့ပါဝင်ပါတယ်။ ချိတ်ဆက်မှုပိုင်းအတွက် Bluetooth, Wifi , USB Type-C (USB 3.2 Gen 1), HDMI D (Micro), 3.5mm Headphone, 3.5mm Microphone, 2.5mm Sub-Mini, PC Sync Socket ရရှိနိုင်ပါတယ်။ Built-In Battery Grip, Card Slot နှစ်ခုပါဝင်ပြီး SD/SDHC/SDXC (UHS-II) ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 2.36m-dot အရည်အသွေးရှိ ၃.၂ လက်မအရွယ် 3-Way Tilting Touchscreen LCD Screen Display နဲ့ 3.69m-dot အရည်အသွေးရှိတဲ့ အီလက်ထရောနစ် OLED View Finder ထောက်ပံ့ပေးထားပါတယ်။ ဘက်ထရီအတွက် NP-W235 Rechargeable Lithium-Ion, 7.2 VDC, 2200 mAh ဘက်ထရီ အသုံးပြုထားပါတယ်။ ကိုယ်ထည်အရွယ်အစား 150 x 104.2 x 87.2 mm ဖြစ်ပြီး အလေးချိန် 900g ရှိပါတယ်။

-ကျော်ဇေယျ
Ref: B & H

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««