FUJIFILM GFX 100 Medium Format Mirrorless Camera
[ Zawgyi ]
အားသာချက်
အားနည်းချက်
သုံးသပ်ချက်
လုပ်ဆောင်ချက်
-ကျော်ဇေယျ
Ref: B & H
[ Unicode ]
တန်ဖိုး-ကန်ဒေါ်လာ 9999.95$
အားသာချက်
43.8 x 32.9mm အရွယ်ရှိ BSI CMOS Sensor သုံး Medium Format Mirrorless Camera ဖြစ်ပါတယ်။ X-Processor 4 Image Processor ထောက်ပ့ံပေး ထားပါတယ်။ 102 MP ပါ၀င်ပြီး ဓာတ်ပုံကို JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ DCI [email protected] Video fps ရရှိမှာပါ။ ISO အနေနဲ့ Auto, 100 to 12800 (Extended: 50 to 102400) အထိ ရရှိနိုင်မှာပါ။ Frame Per Second fps အနေနဲ့ Up to 5 fps အထိ ရရှိမှာပါ။ 5.76m-Dot အရည် အသွေးရှိသော အဖြုတ်အတပ် လုပ်ဆောင်နိုင်တဲ့ အီလက်ထရော နစ် OLED View Finder ထောက်ပံ့ထားပါတယ်။ 2.36m-dot အရည်အသွေးရှိတဲ့ ၃.၂ လက်မအရွယ် tilting touchscreen LCD ပါ၀င် ပါတယ်။ Focus Point ပိုင်းမှာ Auto နဲ့ Manual Focus ရနိုင်ပြီး focus modes တွေအနေနဲ့ Continuous-Servo AF (C), Manual Focus (M), Single-Servo AF (S) တွေရရှိမှာဖြစ်ပါတယ်။ AutoFocus Point Phase Detection: 3760000 အထိ
ရရှိနိုင်မှာဖြစ်ပါတယ်။ Lens Mount ကတော့ Fujifilm G-mount ပဲဖြစ်ပါတယ်။ ဒီစျေးက ဘော်ဒီသက်သက် စျေးနှုန်းသာ ဖြစ်ပါတယ်။
အားနည်းချက်
အပြစ်ရှာကြံပြီး ပြောရရင်တော့ ဓာတ်ပုံဝါသနာရှင်တိုင်း လက်လှမ်းမမှီတဲ့ စျေးဖြစ်နေသလို Video ပိုင်းမှာလည်း DCI 4k ထောက်ပံ့ပေးထားပေမယ့် 30fps ပဲရှိနေတာပါ။ နောက်တစ်ခုက Mirrorless နည်း ပညာဖြစ်ပေမယ့် ဘော်ဒီအတွင်း Battery Grip ထည့်သွင်းတည်ဆောက်ထားမှုကြောင့် အဟန့်ပိုကြီးသွားသယောင်နဲ့ အလေးချိန်ပိုစီးသွားသယောင် ခံစားရပါတယ်။
သုံးသပ်ချက်
စျေးနှုန်းရော အရည်အသွေးပါ မြင့်မားတဲ့ Medium FormatMirrorless Digital Camera ဖြစ်ပါတယ်။ Professional Photographer တွေ၊ Street, Nature နဲ့ Documentary ဓာတ်ပုံဆရာတွေအတွက် အဆင်ပြေဆုံးပါ။ ထူးခြားတာက ဒီကင်မရာမှာ Shutter Speed တွေက မိမိသုံးတဲ့ Mode ပေါ်မူတည်ပြီး အပြောင်းလဲတွေ ရှိပါတယ်။ Electronic Front Curtain Shutter လည်း ပါ၀င်လာပါတယ်။
လုပ်ဆောင်ချက်
ဓာတ်ပုံမှာ File Format တွေအနေနဲ့ JPEG, RAW အပြင် TIFF နဲ့ပါ ရိုက်ကူးနိုင်ပါတယ်။ Video ပိုင်းမှာ FHD 1080p @29.97fps Video ရရှိမှာပါ။ JPEG မှာတော့ 5fps ရရှိမှာပါ။ Shutter Speed အနေနဲ့ အနှေးဆုံးက Mechanical Type မှာ Program Mode = 1/4000 to 4 Second, Aperture Priority Mode = 1/4000 to 30 Second, Manual Mode = 1/4000 to 3600 Second, Bulb Mode =0 to 60 Minute တွေရရှိနိုင်ပြီး Electronic Type မှာ Program Mode = 1/16000 to 4 Second, Aperture Priority Mode = 1/16000 to 30 Second, Manual Mode = 1/16000 to 3600 Second, Bulb Mode =0 to 60 Minute ရပါတယ်။ Electronic Front Curtain Shutter မှာProgram Mode = 1/4000 to 4 Second, Aperture Priority Mode = 1/4000 to 30 Second, Manual Mode = 1/4000 to 3600 Second, Bulb Mode =0 to 60 Minute တွေလဲထပ်ရနိုင်မှာပါ။Bult-in Flash အနေနဲ့ ပါ၀င်ပြီးTTL (Flash Auto, Standard, Slow Sync), Manual, Off တွေ အသုံးပြုနိုင်သလို External Flash တပ်ဆင်ဖို့အတွက်လည်း Hot shoe ပါ၀င်ပါတယ်။
Exposure Mode အနေနဲ့ Aperture Priority, Manual, Program, Shutter Priority, Compensation: -5 EV to +5 EV (in 1/3 EV Steps) တို့ကို ရွေးချယ် အသုံးပြုနိုင်ပါ တယ်။ White Balance Modes မှာ Automatic Scene Recognition, Color Temperature, Custom, Fine, Fluorescent (Cool White), Fluorescent (Daylight), Fluorescent (Warm White), Incandescent, Shade, Underwater စတာတွေ ထောက်ပံ့ပေးထားပါတယ်။ Metering ဖတ်ယူမှုအတွက် Average, Center-Weighted Average, Multiple, Spot တို့ပါ၀င်ပါတယ်။ ချိတ်ဆက်မှု ပိုင်းမှာတော့ Bluetooth, Wifi2.5mm Sub-Mini, 3.5mm Headphone, 3.5mm Microphone, DC Input, HDMI D (Micro), USB 3.0, USB Type-C, X-Sync Socket ရရှိနိုင်ပါတယ်။
Built-In Battery Grip,Card Slot နှစ်ခုပါ၀င်ပြီး SD, SDHC, SDXC ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ Screen Display အနေနဲ့ 2.36m-dot အရည်အသွေးရှိတဲ့ ၃.၂ လက်မ အရွယ် tilting touchscreen LCD ထောက်ပံ့ပေးထားပါတယ်။ အဖြုတ်အတပ် လုပ်ဆောင်နိုင်တဲ့ 5.76m-Dot အရည်အသွေးရှိပြီး အီလက်ထရောနစ် OLED View Finder လည်းပါ၀င်ပါတယ်။ ကိုယ်ထည် အရွယ်အစားက 156.2 x 163.6 x 102.9 mm ဖြစ်ပြီး အလေးချိန်က 1400 g ရှိပါတယ်။
Ref: B & H