Friendship and Cooperation ခေါင်းစဉ်ဖြင့် short video ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များဖိတ်ခေါ်ထား

စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မူဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်တဲ့ Friendship and Cooperation ခေါင်းစဉ်ဖြင့် short video ပြိုင်ပွဲအတွက် ဗီဒီယိုထုတ်လုပ်သူတွေ၊လူမှုကွန်ရက်မီဒီယာတွေ၊ဘလော့ကာတွေနဲ့ စိတ်ပါဝင်စားသူတွေကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြိုင်ပွဲမှာ ၅ မိနစ်စာ video Clip ပြသရမှာ ဖြစ်သော်လည်း ကန့်သတ်ချက်မရှိဘူးလို့ သိရပါတယ်။ Video Clip မှာ ကြိုက်နှစ်သက်ရာ ဘာသာစကားကို အသုံးပြုနိုင်သော်လည်း အင်္ဂလိပ်ဘာသာ(သို့) တရုတ်ဘာသာစကားနဲ့ စာတမ်းထိုး ဖော်ပြပေးရမှာဖြစ်တယ်လို့ သိရပါတယ်။ ပါဝင်ယှဉ်ပြိုင်တဲ့အခါမှာ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့ (သို့) ကုမ္ပဏီအနေဖြင့်သော်လည်းကောင်း ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။ ဗီဒီယိုကို သုံးခုအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး လူနေမှုဘ၀ အစစ်အမှန်များအပေါ်အခြေခံတဲ့ ဗီဒီယိုဖြစ်ရမှာဖြစ်ပါတယ်။ ဗီဒီယိုမှာ ညစ်ညမ်းသော၊အကြမ်းဖက်သော၊ဘာသာရေးနှင့် လူမှုရေး ခွဲခြားဆက်ဆံသော ရုပ်ပုံတွေ မပါဝင်ရဘူးလို့ သိရပါတယ်။Video resolution က 1280×720 Pixel နဲ့ MPG,MPEG,AVI,MOV,WMV,MP4 အမျိုးအစား၊ အလျားလိုက် မျက်နှာပြင် orientation နဲ့ပြုလုပ်ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲခေါင်းစဉ်တွေက ASEAN -China Cooperation in Fighting COVID-19,ASEAN-China Practical,People-to-People exchanges between ASEAN and China ,Favorite Cities in China or ASEAN စတာတွေဖြစ်ပါတယ်။ပြိုင်ပွဲဝင်ရောက်မယ့် ပြိုင်ပွဲဝင်တွေ အနေနဲ့ registration form နဲ့ video clip ကို email (subject Line: country – participant name-entry’ title) နဲ့ [ACvideocontest@qq.com](mailto:ACvideocontest@qq.com)သို့ စက်တင်ဘာ ၃၀ ရက်နောက်ဆုံးထား ပေးပို့ရမှာဖြစ်ပါတယ်။ 50 Honorable mentions, 20 Excellent Award winner နဲ့ 5 winners of the grand prize ဆုတွေပေးအပ်သွားမှာဖြစ်ပြီး Excellent Award winner တွေအနေနဲ့ Suzhuo မြို့မှာ ကျင်းပပြုလုပ်မယ့် ဆုချီးမြှင့်ပြိုင်ပွဲအခမ်းအနားကို တက်ရောက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ http://chinareportasean.com/friendship-and-cooperation/ မှ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲလျှောက်ထားတဲ့ အမျိုးအစား၊ အခြေအနေနဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ရုံးခန်း၊အဆောင်(၉)၊မြေညီထပ်၊MICT Park ဖုန်း-၀၁-၆၅၂၃၀၇၊ ၀၁-၂၃၀၅၂၃၃ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။