Friday the 13th: The Game – The Ultimate Slasher Edition

[ Zawgyi ]

ထိတ္လန္႔ေျခာက္ျခားစရာ ဂိမ္းေကာင္းေကာင္း ကစားခ်င္သူေတြအတြက္ေတာ့ သရဲဂိမ္းမဟုတ္တဲ့ လူသတ္ဂိမ္းနဲ႔ အခုတစ္ပတ္မွာ မိတ္ဆက္ေပးခ်င္ပါတယ္။ အရင္က PS4, Xbox One ေတြနဲ႔ ကစားဖူးသူေတြ အတြက္ေတာ့ သိပ္မစိမ္းေပမယ့္ PC နဲ႔ အခုေနာက္ဆံုးထြက္ Nintendo Switch သမားေတြ အတြက္ေတာ့ စိတ္၀င္စားစရာပါ။ Single အေနနဲ႔ေရာ LAN ရွိသူေတြ
အတြက္ Multi အေနနဲ႔ပါ ကစားႏုိင္မယ့္ အခုဂိမ္းက မိမိရွင္သန္ လြတ္ေျမာက္ေရးအတြက္ စိတၱဇလူသတ္ေကာင္ဆီကေနရတဲ့ နည္းလမ္းနဲ႔ ထြက္ေျပး တိမ္းေရွာင္ရမယ့္ ဂိမ္းပါပဲ။

အရင္ဆံုး ႐ုပ္ထြက္ပိုင္းကို ေျပာရရင္ စိတ္ႀကိဳက္ အဆင့္ရွိတယ္၊ လက္ေတြ႕ ျမင္ကြင္းနီးပါး ေကာင္းမြန္တဲ့ ျမင္ကြင္း႐ုပ္ထြက္ကို ထည့္သြင္းဖန္တီးထားတာ ေတြ႔ရတယ္၊ လူသတ္ဂိမ္းျဖစ္လုိ႔ ညဘက္နဲ႔ အေမွာင္ခန္းမ်ားေပမယ့္ ႐ုပ္ထြက္က ေတာ္ေတာ္ကို ေကာင္းမြန္လို႔ တိက်ျပတ္သားမႈေရာ ကစားသူကို ဆြဲေဆာင္ႏုိင္မႈပါ အထူးေကာင္းမြန္တာေတြ႕ ရပါတယ္။ Open World စစ္စစ္မဟုတ္ေပမယ့္ အဆံုးမဲ့ ၀န္းက်င္နီးပါး က်ယ္၀န္းတဲ့ ပတ္၀န္းက်င္ကို သြားလာကစားႏိုင္မယ္၊ တည္ေနရာက Camp Crystal ေရကန္၀န္းက်င္မွာ အခင္းျဖစ္မယ္ေပါ့။ ကစားသူက Single အေနနဲ႔ဆိုရင္ ေရကန္တာ၀န္ရွိသူ တစ္ေယာက္အေနနဲ႔ ၀င္ေရာက္ကစားႏိုင္မယ္၊ Multi ဆိုရင္ေတာ့ ရန္သူလုိ႔ ဆိုႏုိင္မယ့္ လူသတ္ေကာင္ Jason Voorhees ေနရာ အပါအ၀င္ အမ်ားဆံုး ကစားသမား ၈ ဦးထိေအာင္ အဖြဲ႕လိုက္ ကစားႏုိုင္မွာပါ။ သူငယ္ခ်င္းေတြ အဖြဲ႕လိုက္ကစားတတ္သူေတြ အတြက္ကေတာ့ စိတ္ႀကိဳက္ပါပဲ။ ဇာတ္ေကာင္ ေရြးခ်ယ္ႏုိင္မႈလည္း မိမိႏွစ္သက္ရာကို ေရြးခ်ယ္ကစားႏုိင္မယ္၊ က်ား၊မ ေရြးခ်ယ္မႈကေန အ၀တ္အစား ပံုစံေရြးခ်ယ္မႈထိေအာင္ စိတ္ႀကိဳက္ေရြးခ်ယ္ၿပီး ကစားႏုိင္မွာပါ။

ဂိမ္းက ၁၉၈၀ ျပည့္ႏွစ္၀န္းက်င္က Camp Crystal ေရကန္၀န္းက်င္မွာ အမွန္တကယ္ျဖစ္ခဲ့တဲ့ လူသတ္မႈကို အေျခခံၿပီး ဖန္တီးထားတာပါ။ လူသတ္သူအျဖစ္ ကစားသူ မရွိရင္ေတာ့ ကစားသမားက မိမိရွင္သန္ဖုိ႔ပဲ ေျပးရမယ့္သူေပါ့၊ လူသတ္သမားရွိရင္ေတာ့ သတ္သူက သတ္ႏိုင္ဖုိ႔၊ ေျပးသူကလည္း ေျပးႏုိင္ဖို႔ ႀကိိဳးစားရပါေတာ့မယ္၊ ေျပးသူက ပုန္းတာေတြ၊ ေျပးတာေတြ၊ ကားလိုယာဥ္ေတြသံုးၿပီး ေျပးတာေတြ လုပ္ႏုိင္မယ္၊ သတ္သူကအာ႐ံုခံႏုိင္မႈေတြ၊ သဲလြန္စေကာက္ၿပီး ေျခရာခံ လိုက္ႏုိင္မႈေတြ၊ လက္နက္သံုး တိုက္ခိုက္သတ္ျဖတ္ႏိုင္မႈေတြ ရွိမယ္၊
တစ္ဖက္နဲ႔ တစ္ဖက္ ဟန္ခ်က္ညီေအာင္ ဖန္တီးထားတဲ့ ဂိမ္းပါပဲ။

ေျပးသူက သတ္မွတ္နယ္နမိတ္တခု ေက်ာ္ျဖတ္ႏုိင္ရင္ႏိုင္မယ္၊ သတ္သူက ေျပးသူကို သူ႔ပိုင္နက္အတြင္း သတ္လိုက္ႏုိင္ရင္ႏိုင္မယ္၊ အသံပိုင္း ထည့္သြင္းဖန္တီးထားမႈအရပါ အခုဂိမ္းက
တကယ္တမ္း ေနာက္က လူသတ္ေကာင္ လိုက္သတ္လုိ႔ ေျပးေနရသလို ခံစားရၿပီး စိတ္၀င္စားဖို႔ အရမ္းေကာင္းပါတယ္။ ေျမပံုအေနအထား ေရြးခ်ယ္ကစားႏုိင္မႈလည္း ပါရွိပါတယ္။ ကစားေနက် ေျမပံုတစ္ခု႐ိုးလာရင္ ေနာက္ထပ္ေျမပံုေရြးခ်ယ္ ကစားႏုိင္ေအာင္ ဖန္တီးထားေသးတာ ေတြ႕ရၿပီးစုစုေပါင္း ေျမပံု ၅ ခုထဲက မိမိႏွစ္သက္ရာကို ေရြးခ်ယ္ကစားႏုိင္မွာပါ။ ေရွ႕ထြက္ Version ေတြမွာ ေျမပံုနည္းေပမယ့္ အခုေနာက္ဆံုးထြက္ Version မွာ ေျမပံုစံုလာျခင္းက သေဘာက်စရာပါ။ မိမိ မကၽြမ္းက်င္တဲ့ ေနရာတစ္ခုမွာ အသက္ရွင္သန္ေရးအတြက္ ေျပးလႊားရင္း အႏုိင္ရေအာင္ ကစားၾကည့္ဖုိ႔ Friday the 13th ကို လမ္းညႊန္ေပး လိုက္ပါရေစဗ်ာ။

[ Unicode ]

ထိတ်လန့်ခြောက်ခြားစရာ ဂိမ်းကောင်းကောင်း ကစားချင်သူတွေအတွက်တော့ သရဲဂိမ်းမဟုတ်တဲ့ လူသတ်ဂိမ်းနဲ့ အခုတစ်ပတ်မှာ မိတ်ဆက်ပေးချင်ပါတယ်။ အရင်က PS4, Xbox One တွေနဲ့ ကစားဖူးသူတွေ အတွက်တော့ သိပ်မစိမ်းပေမယ့် PC နဲ့ အခုနောက်ဆုံးထွက် Nintendo Switch သမားတွေ အတွက်တော့ စိတ်ဝင်စားစရာပါ။ Single အနေနဲ့ရော LAN ရှိသူတွေ
အတွက် Multi အနေနဲ့ပါ ကစားနိုင်မယ့် အခုဂိမ်းက မိမိရှင်သန် လွတ်မြောက်ရေးအတွက် စိတ္တဇလူသတ်ကောင်ဆီကနေရတဲ့ နည်းလမ်းနဲ့ ထွက်ပြေး တိမ်းရှောင်ရမယ့် ဂိမ်းပါပဲ။

အရင်ဆုံး ရုပ်ထွက်ပိုင်းကို ပြောရရင် စိတ်ကြိုက် အဆင့်ရှိတယ်၊ လက်တွေ့ မြင်ကွင်းနီးပါး ကောင်းမွန်တဲ့ မြင်ကွင်းရုပ်ထွက်ကို ထည့်သွင်းဖန်တီးထားတာ တွေ့ရတယ်၊ လူသတ်ဂိမ်းဖြစ်လို့ ညဘက်နဲ့ အမှောင်ခန်းများပေမယ့် ရုပ်ထွက်က တော်တော်ကို ကောင်းမွန်လို့ တိကျပြတ်သားမှုရော ကစားသူကို ဆွဲဆောင်နိုင်မှုပါ အထူးကောင်းမွန်တာတွေ့ ရပါတယ်။ Open World စစ်စစ်မဟုတ်ပေမယ့် အဆုံးမဲ့ ၀န်းကျင်နီးပါး ကျယ်ဝန်းတဲ့ ပတ်ဝန်းကျင်ကို သွားလာကစားနိုင်မယ်၊ တည်နေရာက Camp Crystal ရေကန်ဝန်းကျင်မှာ အခင်းဖြစ်မယ်ပေါ့။ ကစားသူက Single အနေနဲ့ဆိုရင် ရေကန်တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ၀င်ရောက်ကစားနိုင်မယ်၊ Multi ဆိုရင်တော့ ရန်သူလို့ ဆိုနိုင်မယ့် လူသတ်ကောင် Jason Voorhees နေရာ အပါအဝင် အများဆုံး ကစားသမား ၈ ဦးထိအောင် အဖွဲ့လိုက် ကစားနိုုင်မှာပါ။ သူငယ်ချင်းတွေ အဖွဲ့လိုက်ကစားတတ်သူတွေ အတွက်ကတော့ စိတ်ကြိုက်ပါပဲ။ ဇာတ်ကောင် ရွေးချယ်နိုင်မှုလည်း မိမိနှစ်သက်ရာကို ရွေးချယ်ကစားနိုင်မယ်၊ ကျား၊မ ရွေးချယ်မှုကနေ အဝတ်အစား ပုံစံရွေးချယ်မှုထိအောင် စိတ်ကြိုက်ရွေးချယ်ပြီး ကစားနိုင်မှာပါ။

ဂိမ်းက ၁၉၈၀ ပြည့်နှစ်ဝန်းကျင်က Camp Crystal ရေကန်ဝန်းကျင်မှာ အမှန်တကယ်ဖြစ်ခဲ့တဲ့ လူသတ်မှုကို အခြေခံပြီး ဖန်တီးထားတာပါ။ လူသတ်သူအဖြစ် ကစားသူ မရှိရင်တော့ ကစားသမားက မိမိရှင်သန်ဖို့ပဲ ပြေးရမယ့်သူပေါ့၊ လူသတ်သမားရှိရင်တော့ သတ်သူက သတ်နိုင်ဖို့၊ ပြေးသူကလည်း ပြေးနိုင်ဖို့ ကြိိုးစားရပါတော့မယ်၊ ပြေးသူက ပုန်းတာတွေ၊ ပြေးတာတွေ၊ ကားလိုယာဉ်တွေသုံးပြီး ပြေးတာတွေ လုပ်နိုင်မယ်၊ သတ်သူကအာရုံခံနိုင်မှုတွေ၊ သဲလွန်စကောက်ပြီး ခြေရာခံ လိုက်နိုင်မှုတွေ၊ လက်နက်သုံး တိုက်ခိုက်သတ်ဖြတ်နိုင်မှုတွေ ရှိမယ်၊
တစ်ဖက်နဲ့ တစ်ဖက် ဟန်ချက်ညီအောင် ဖန်တီးထားတဲ့ ဂိမ်းပါပဲ။

ပြေးသူက သတ်မှတ်နယ်နမိတ်တခု ကျော်ဖြတ်နိုင်ရင်နိုင်မယ်၊ သတ်သူက ပြေးသူကို သူ့ပိုင်နက်အတွင်း သတ်လိုက်နိုင်ရင်နိုင်မယ်၊ အသံပိုင်း ထည့်သွင်းဖန်တီးထားမှုအရပါ အခုဂိမ်းက
တကယ်တမ်း နောက်က လူသတ်ကောင် လိုက်သတ်လို့ ပြေးနေရသလို ခံစားရပြီး စိတ်ဝင်စားဖို့ အရမ်းကောင်းပါတယ်။ မြေပုံအနေအထား ရွေးချယ်ကစားနိုင်မှုလည်း ပါရှိပါတယ်။ ကစားနေကျ မြေပုံတစ်ခုရိုးလာရင် နောက်ထပ်မြေပုံရွေးချယ် ကစားနိုင်အောင် ဖန်တီးထားသေးတာ တွေ့ရပြီးစုစုပေါင်း မြေပုံ ၅ ခုထဲက မိမိနှစ်သက်ရာကို ရွေးချယ်ကစားနိုင်မှာပါ။ ရှေ့ထွက် Version တွေမှာ မြေပုံနည်းပေမယ့် အခုနောက်ဆုံးထွက် Version မှာ မြေပုံစုံလာခြင်းက သဘောကျစရာပါ။ မိမိ မကျွမ်းကျင်တဲ့ နေရာတစ်ခုမှာ အသက်ရှင်သန်ရေးအတွက် ပြေးလွှားရင်း အနိုင်ရအောင် ကစားကြည့်ဖို့ Friday the 13th ကို လမ်းညွှန်ပေး လိုက်ပါရစေဗျာ။