
Fragements ဆိုတာကတော့ Ubuntu OS မှာ ထည့်သွင်း အသုံးပြုနိုင်မယ့် torrent client ဆော့ဖ်ဝဲတစ်ခုပဲ ဖြစ်ပါတယ်။ Fragments ကို Ubuntu OS မှာ ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
Ubuntu OS မှာ Fragements ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့် ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။
Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။
Fragments ကို Ubuntu မှာ ထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –
sudo apt install flatpak
flatpak remote-add –if-not-exists flathub https://flathub.org/repo/flathub.flatpakrepo
flatpak install flathub de.haeckerfelix.Fragments
ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ အသုံးမပြုလိုတဲ့အခါ ပြန်လည်ဖယ်ရှားချင်တယ်ဆိုရင် flatpak uninstall de.haeckerfelix.Fragments ဆိုတဲ့ command နဲ့ ပြန်လည်ဖယ်ရှား နိုင်မှာဖြစ်ပါတယ်။
-သီဟ
»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««