Fossil ရဲ့ Hybrid HR စမတ်နာရီ

Fossil ဟာဒီဇိုင်းပိုင်း သပ်ရပ်မှုနဲ့ စမတ်နာရီလုပ်ဆောင်ချက်ကို ပေါင်းစပ်ဖို့ analog နဲ့ e-ink display ပါဝင်တဲ့ Hybrid HR စမတ်နာရီကို မိတ်ဆက်လိုက်ပါတယ်။

Hybrid HR ဟာသမားရိုးကျ လက်ပတ်နာရီဒီဇိုင်း၊ ၄၂မီလီမီတာ နာရီအုံနဲ့ analog dials အပြင် အလယ်မှာ e-ink display ကိုထည့်သွင်းထားပါတယ်။ အဲဒီ display မှာ သတိပေးချက်၊ alert နဲ့ နှလုံးခုန်နှုန်းအပြင် အားကစားလှုပ်ရှားမှု ခြေရာခံစက်အချက်အလက်တို့ပါဝင်ပြီး ညာဘက်က ခလုတ် ၃ ခုနဲ့ တွဲဖက်အသုံးပြုရပါတယ်။ ဒါ့အပြင် သုံးစွဲသူက သီချင်းကို ထိန်းချုပ်ကာ complication ကိုလည်း စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။

Fossil ရဲ့ Hybrid HR မှာပါဝင်တဲ့ e-ink display က အားတစ်ခါသွင်းရင် နှစ်ပတ်အထိ အသုံးပြုနိုင်ပါတယ်။ Hybrid HR မှာစတီးကိုယ်ထည်နဲ့ သားရေကြိုး၊ ဆီလီကွန်နဲ့ စတီးလက်ပတ်မော်ဒယ်ကိုလည်း ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ နာရီက 3ATM အထိရေစိမ်ခံပြီး Bluetooth 4.2 ကတစ်ဆင့် Android 5.0 နဲ့ iOS 9.0 တို့နဲ့ တွဲဖက်အသုံးပြုနိုင်ပါတယ်။

 

Fossil Hybrid HR ကို၁၉၅ဒေါ်လာနဲ့ စတင်ရောင်းချမှာ ဖြစ်ပြီး ဝက်ဘ်ဆိုက်ကနေ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

စိုးထက်
Ref: GSMArena