‘Fortnite’ Edition Switch ဂိမ်းကို Nintendo ဖန်တီး

Nintendo ဟာ အောက်တိုဘာ ၃၀ မှာ ဥရောပအတွင်း Fortnite Edition Nintendo Switch ကို ဖြန့်ချိထားပါတယ်။ အဲဒီ ဂိမ်းစက်မှာ Fortnite ဒီဇိုင်းကို အသုံးပြုထားပြီး အဝါနဲ့ အပြာ Joy-Con ဂိမ်းခလုတ်လည်း ရရှိမှာ ဖြစ်ပါတယ်။

 

Fortnite လည်း ဂိမ်းထဲမှာ ပါဝင်ပြီး V-Buck ၂,၀၀၀ လည်းရရှိပါမယ်။ ဂိမ်းစက် bundle ထဲမှာ WildCat Bundle download code ပါဝင်ပြီး စတိုင်လ်အသစ်တွေ မြည်းစမ်းနိုင်ပါတယ်။

အရင်တုန်းက Nintendo Switch Fortnite bundle တွေထွက်ရှိခဲ့ဖူးပေမယ့် အခု ဗားရှင်းကတော့ ဂိမ်းစက်နဲ့ dock ကို လက်ရာကောင်းကောင်းနဲ့ ဖန်တီးထားပါတယ်။

-စိုးထက်
Ref: Engadget

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««