Fortnite ဂိမ်းထဲ Captain America ဇာတ်ကောင် ပါဝင်လာ

Fortnite ဂိမ်းမှာ Captain America ဇာတ်ကောင်ကို ထည့်သွင်းလိုက်တယ်လို့ Epic Games က ကြေညာလိုက်ပါတယ်။ အခမဲ့ ကစားနိုင်တဲ့ Fortnite ဂိမ်းထဲမှာ comic ပုံစံ skin တစ်ခုကို နောက်ဆုံးထည့်သွင်းလိုက်တာ ဖြစ်ပါတယ်။

Captaiin America ရဲ့ skin ကတော့ ဒေါ်လာ ၂၀ ကျသင့်မယ်လို့ သိရပါတယ်။ Captain America ရဲ့ skin မှာ နာမည်ကျော် ဒိုင်းကာလည်း ပါဝင်ပြီး ဂိမ်းမှာလည်း အလုပ် လုပ်ပါမယ်။ Fortnite ဟာနာမည်ကျော် comic book ဇာတ်ကောင်အခြေခံ skiin တွေထောက်ပံ့လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ battle pass မှာ Deadpool ကို ထောက်ပံ့ခဲ့တယ်။ ဒီနှစ်မှာတော့ Aquaman ကိုထောက်ပံ့သွားပါမယ်။

Epic Games က မနှစ်က X-Force skin တွေနဲ့ Avengers crossover အဖြစ် Marvel ရဲ့ Black Widow နဲ့ Star-Lord ကိုရောင်းချထားပါတယ်။ ဒါ့အပြင် DC ဇာတ်ကောင်တွေဖြစ်တဲ့ Harley Quinn, Batman နဲ့ Catwoman တို့ကိုလည်း ရောင်းချပါမယ်။

-စိုးထက်
Ref: TheVerge