Fortnite ဂိမ်းကို Google Play Store ကနေ ဖြန့်ချိ

Epic Games ဟာ နာမည်ကျော် battle royale ဂိမ်းဖြစ်တဲ့ Fortnite ကို Android ထုတ်ကုန်တွေအတွက် တရားဝင် Play Store ကနေ ဖြန့်ချိလိုက်ပါတယ်။

Epice Games ဟာ Android အတွက် Fortnite ကို third-party software အဖြစ် ဖြန့်ချိခဲ့တာ ၁၈ လ ကြာမြင့်ခဲ့ပါတယ်။ Google က third-party software တွေက လုံခြုံရေးပြဿနာတွေ ရှိနိုင်တယ်လို့ သတိပေးထားပြီး Play Store ကတစ်ဆင့် ဖြန့်ချိတဲ့ app တွေမှာ malware တွေမရှိဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် Epic Games က Fortnite က Play Store ကဖြန့်ချိဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

‘Google Play Store ပြင်ပကနေ Android အတွက် Fortnite ဖြန့်ချိမှု ၁၈ လ အကြာမှာတော့ အခြေခံသိရှိမှုတွေ ရှိလာပါတယ်။ Google က Play Store ပြင်ပက app တွေဟာ အားနည်းချက်အဖြစ် သတ်မှတ်ထားပါတယ်။ နည်းစနစ်နဲ့ လုပ်ငန်းပိုင်းဆောင်ရွက်ချက်တွေကတစ်ဆင့် ကြောက်စရာဖြစ်ကာ update နဲ့ download ထားတဲ့ software လုံခြုံရေးသတိပေးချက် အဆက်မပြတ်တက်နေပါမယ်။ Google အများပြည်သူဆက်သွယ်ရေး third party software တွေကို malware အဖြစ်လည်း သတ်မှတ်ထားပါတယ်။ Google Play Protect က Google Play Store ပြင်ပက ရယူထားတဲ့ software ကိုချက်ချင်းပိတ်ပင်ပါတယ်” လို့ Epic Games ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုအကြောင်းပြချက်တွေကြောင့် Fortnite ကိုတရားဝင် Android channel ကနေ ဖြန့်ချိလိုက်တဲ့အတွက် Epic က in-app purchase တွေရတဲ့ ဝင်ငွေ ၃၀ ရာခိုင်နှုန်းကို Google ကိုပေးရတော့မှာ ဖြစ်ပါတယ်။ Epic စီအီးအို ဖြစ်တဲ့ တင်မ်ဆွီနေကတော့ Apple ရဲ့ App Store နဲ့ Google Play Store တို့ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီး developer တွေအပေါ် လိုအပ်တာထက် ငွေကြေးတောင်းခံပြီး ဈေးကွက်ကို အထိနာအောင် လုပ်တယ်လို့ ပြောထားပါတယ်။

စိုးထက်
Ref: TheVerge