
Fortnite ဖန်တီးသူ Epic Games က Apple sign-in စနစ်ကိုအသုံးပြုပြီး ဂိမ်းအတွင်း ဝင်ရောက်နိုင်ဖို့ သုံးစွဲသူတွေအပေါ် Apple ခွင့်ပြုလိုက်တယ်လို့ ပြောခဲ့ပါတယ်။
Apple နဲ့ Epic Games ဟာ ဩဂုတ်လ ကတည်းက တရားရင်ဆိုင်နေကြရပါတယ်။ Epic Games ဟာ ကိုယ်ပိုင် in-app ငွေပေးချေမှုစနစ်ကို ဖြန့်ချိခဲ့တာကြောင့် Apple App Store စည်းမျဉ်းချိုးဖောက်မှုနဲ့ ကုမ္ပဏီ ၂ ခု တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ဂိမ်းတွေအနေနဲ့ Apple sign-in ကိုအသုံးပြုပြီး ဂိမ်းထဲဝင်လို့ ရမှာ မဟုတ်တော့ဘူးလို့ Epic က ပြောခဲ့ပါတယ်။
Apple sign-in လုပ်ဆောင်ချက် ဖယ်ရှားခံရရင် account အတွက် ဂိမ်မာတွေ ပြင်ဆင်ထားဖို့လည်း Epic Games က သတိပေးထားပါတယ်။
-စိုးထက်
Ref: Reuters
»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««