Fortnite ဂိမ္း ဖန္တီးတဲ့ Epic Games ကုမၸဏီတန္ေၾကး ေဒၚလာ ၈ ဘီလ်ံအထိ ရွိလာ

[Zawgyi]

Fortnite ဂိမ္းဟာ ဒီႏွစ္ထဲမွာ ေငြေၾကး ေဒၚလာ ၂ ဘီလ်ံရဖို႔ရွိၿပီး ဂိမ္းဖန္တီးတဲ့ ကုမၸဏီ Epic Games ရဲ႕တန္ေၾကးဟာ ေဒၚလာ ၅ ဘီလ်ံနဲ႔ ၈ ဘီလ်ံအၾကား ရွိတယ္လို႔ Bloomberg ဘီလ်ံနာညႊန္းကိန္းမွာ ေဖာ္ျပထားပါတယ္။

အဲဒီတြက္ဆမႈေတြထဲမွာ Unreal Engine အပါအဝင္ Epic ရဲ႕လုပ္ငန္းအားလုံး ထည့္သြင္းထားပါတယ္။ ဒါေၾကာင့္ Epic ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္နဲ႔ ကုမၸဏီတည္ေထာင္သူ တင္မ္ဆြီေနဟာ ဘီလ်ံနာတစ္ေယာက္ျဖစ္လာပါတယ္။
၂၀၁၃ ခုႏွစ္မွာ တ႐ုတ္အင္တာနက္ ကုမၸဏီ Tencent က Epic Games ရွယ္ယာ ၄၀ ရာခိုင္ႏႈန္းကုိ ပုိင္ဆုိင္ခဲ့ပါတယ္။ အဲဒီေနာက္ပုိင္း ၂၀၁၄ ခုႏွစ္မွာ League of Legends ရဲ႕ ေဒၚလာ ၁ ဘီလ်ံ အေရာင္းအဝယ္ လႊမ္းမိုးမႈေၾကာင့္ Epic Games တန္ေၾကးဟာ ေဒၚလာ ၈၂၅ သန္းရွိလာပါတယ္။

Electronic Arts Inc. နဲ႔ Activision Blizzard Inc. တို႔ရဲ႕ အဆင့္တူ ကုန္သြယ္မႈအမ်ိဳးမ်ိဳးအေပၚ အေျခခံၾကည့္မယ္ဆိုရင္ Epic ရဲ႕တန္ေၾကးဟာ ၁၄ ဘီလ်ံရွိတယ္လို႔ Bloomberg ရဲ႕သတင္းမွာ ေရးသားထားပါတယ္။

စိုးထက္
Ref: PCGamer

[Unicode]

Fortnite ဂိမ်းဟာ ဒီနှစ်ထဲမှာ ငွေကြေး ဒေါ်လာ ၂ ဘီလျံရဖို့ရှိပြီး ဂိမ်းဖန်တီးတဲ့ ကုမ္ပဏီ Epic Games ရဲ့တန်ကြေးဟာ ဒေါ်လာ ၅ ဘီလျံနဲ့ ၈ ဘီလျံအကြား ရှိတယ်လို့ Bloomberg ဘီလျံနာညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

အဲဒီတွက်ဆမှုတွေထဲမှာ Unreal Engine အပါအဝင် Epic ရဲ့လုပ်ငန်းအားလုံး ထည့်သွင်းထားပါတယ်။ ဒါကြောင့် Epic ရဲ့အမှုဆောင်အရာရှိချုပ်နဲ့ ကုမ္ပဏီတည်ထောင်သူ တင်မ်ဆွီနေဟာ ဘီလျံနာတစ်ယောက်ဖြစ်လာပါတယ်။
၂၀၁၃ ခုနှစ်မှာ တရုတ်အင်တာနက် ကုမ္ပဏီ Tencent က Epic Games ရှယ်ယာ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၂၀၁၄ ခုနှစ်မှာ League of Legends ရဲ့ ဒေါ်လာ ၁ ဘီလျံ အရောင်းအဝယ် လွှမ်းမိုးမှုကြောင့် Epic Games တန်ကြေးဟာ ဒေါ်လာ ၈၂၅ သန်းရှိလာပါတယ်။

Electronic Arts Inc. နဲ့ Activision Blizzard Inc. တို့ရဲ့ အဆင့်တူ ကုန်သွယ်မှုအမျိုးမျိုးအပေါ် အခြေခံကြည့်မယ်ဆိုရင် Epic ရဲ့တန်ကြေးဟာ ၁၄ ဘီလျံရှိတယ်လို့ Bloomberg ရဲ့သတင်းမှာ ရေးသားထားပါတယ်။

စိုးထက်
Ref: PCGamer