[Zawgyi]
ေနာက္ဆံုးမွာေတာ့ Fortnite ဟာ Android ဗားရွင္းကို မိတ္ဆက္လိုက္ပါၿပီ။ ဒီေၾကညာခ်က္ကို Fortnite က Samsung ရဲ႕ Galaxy Note 9, Galaxy Watch နဲ႔ Galaxy Home မိတ္ဆက္ပြဲမွာ ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။
လက္ရိွမွာ Fortnite Android ဗားရွင္းကို beta အေနနဲ႔ ျဖန္႔ခ်ိထားၿပီး Galaxy စမတ္ဖုန္း သံုးသူေတြပဲ ကစားလို႔ရပါေသးတယ္။ Fortnite ရဲ႕ beta invite အတြက္ မွတ္ပံုတင္ခ်င္တယ္ဆိုရင္ေတာ့ Fortnite.com/Android မွာ ျပဳလုပ္ႏိုင္ပါတယ္။
မွတ္ပံုမတင္ခင္ Fortnite ဂိမ္းက ကိုယ့္ရဲ႕ Android ဖုန္း ဒါမွမဟုတ္ tablet မွာ ကစားလို႔ ရ၊ မရ စစ္ေဆးသင့္ပါတယ္။
Epic Games ဟာ Fortnite ဂိမ္း ကစားႏိုင္မယ့္ Android ထုတ္ကုန္စာရင္းကို ထုတ္ျပန္ထားပါတယ္။ အဲ့ဒီစာရင္းတစ္ခုလံုးကို Epic ရဲ႕ FAQ စာမ်က္ႏွာကေန ေဖာ္ျပထားပါတယ္။
လက္ရိွမွာ Android beta က ေအာက္ပါထုတ္ကုန္ေတြေပၚမွာ အလုပ္လုပ္ပါတယ္။
Samsung Galaxy: S7 / S7 Edge, S8 / S8+, S9 / S9+, Note 8, Note 9, Tab S3, Tab S4
Google: Pixel / Pixel XL, Pixel 2 / Pixel 2 XL
Asus: ROG Phone, Zenfone 4 Pro, 5Z, V
Essential: PH-1
Huawei: Honor 10, Honor Play, Mate 10 / Pro, Mate RS, Nova 3, P20 / Pro, V10
LG: G5, G6, G7 ThinQ, V20, V30/ V30+
Nokia: 8
OnePlus: 5 / 5T, 6
Razer: Phone
Xiaomi: Blackshark, Mi 5 / 5S / 5S Plus, 6 / 6 Plus, Mi 8 / 8 Explorer / 8SE, Mi Mix, Mi Mix 2, Mi Mix 2S, Mi Note 2
ZTE: Axon 7 / 7s, Axon M, Nubia / Z17 / Z17s, Nubia Z11
လက္ရိွမွာ support မလုပ္ေပမယ့္လည္း မၾကာခင္မွာ ရရိွႏိုင္ဖြယ္ရိွတဲ့ ထုတ္ကုန္စာရင္းေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
HTC: 10, U Ultra, U11 / U11+, U12+
Lenovo: Moto Z / Z Droid, Moto Z2 Force
Sony: Xperia: XZ/ XZs, XZ1, XZ2
ဒီစာရင္းထဲမွာ ကိုယ့္ရဲ႕ဖုန္းမပါေပမယ့္ ေအာက္ပါ specs ေတြပါတဲ့ ဖုန္းဆိုရင္ေတာ့ အလုပ္လုပ္ႏိုင္တယ္လို႔ ယူဆရပါတယ္။
OS: 64 bit Android, 5.0 or higher
RAM: 3GB or higher
GPU: Adreno 530 or higher, Mali-G71 MP20, Mali-G72 MP12 or higher
Ref: CNET
[Unicode]
နောက်ဆုံးမှာတော့ Fortnite ဟာ Android ဗားရှင်းကို မိတ်ဆက်လိုက်ပါပြီ။ ဒီကြေညာချက်ကို Fortnite က Samsung ရဲ့ Galaxy Note 9, Galaxy Watch နဲ့ Galaxy Home မိတ်ဆက်ပွဲမှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ Fortnite Android ဗားရှင်းကို beta အနေနဲ့ ဖြန့်ချိထားပြီး Galaxy စမတ်ဖုန်း သုံးသူတွေပဲ ကစားလို့ရပါသေးတယ်။ Fortnite ရဲ့ beta invite အတွက် မှတ်ပုံတင်ချင်တယ်ဆိုရင်တော့ Fortnite.com/Android မှာ ပြုလုပ်နိုင်ပါတယ်။
မှတ်ပုံမတင်ခင် Fortnite ဂိမ်းက ကိုယ့်ရဲ့ Android ဖုန်း ဒါမှမဟုတ် tablet မှာ ကစားလို့ ရ၊ မရ စစ်ဆေးသင့်ပါတယ်။
Epic Games ဟာ Fortnite ဂိမ်း ကစားနိုင်မယ့် Android ထုတ်ကုန်စာရင်းကို ထုတ်ပြန်ထားပါတယ်။ အဲ့ဒီစာရင်းတစ်ခုလုံးကို Epic ရဲ့ FAQ စာမျက်နှာကနေ ဖော်ပြထားပါတယ်။
လက်ရှိမှာ Android beta က အောက်ပါထုတ်ကုန်တွေပေါ်မှာ အလုပ်လုပ်ပါတယ်။
Samsung Galaxy: S7 / S7 Edge, S8 / S8+, S9 / S9+, Note 8, Note 9, Tab S3, Tab S4
Google: Pixel / Pixel XL, Pixel 2 / Pixel 2 XL
Asus: ROG Phone, Zenfone 4 Pro, 5Z, V
Essential: PH-1
Huawei: Honor 10, Honor Play, Mate 10 / Pro, Mate RS, Nova 3, P20 / Pro, V10
LG: G5, G6, G7 ThinQ, V20, V30/ V30+
Nokia: 8
OnePlus: 5 / 5T, 6
Razer: Phone
Xiaomi: Blackshark, Mi 5 / 5S / 5S Plus, 6 / 6 Plus, Mi 8 / 8 Explorer / 8SE, Mi Mix, Mi Mix 2, Mi Mix 2S, Mi Note 2
ZTE: Axon 7 / 7s, Axon M, Nubia / Z17 / Z17s, Nubia Z11
လက်ရှိမှာ support မလုပ်ပေမယ့်လည်း မကြာခင်မှာ ရရှိနိုင်ဖွယ်ရှိတဲ့ ထုတ်ကုန်စာရင်းတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။
HTC: 10, U Ultra, U11 / U11+, U12+
Lenovo: Moto Z / Z Droid, Moto Z2 Force
Sony: Xperia: XZ/ XZs, XZ1, XZ2
ဒီစာရင်းထဲမှာ ကိုယ့်ရဲ့ဖုန်းမပါပေမယ့် အောက်ပါ specs တွေပါတဲ့ ဖုန်းဆိုရင်တော့ အလုပ်လုပ်နိုင်တယ်လို့ ယူဆရပါတယ်။
OS: 64 bit Android, 5.0 or higher
RAM: 3GB or higher
GPU: Adreno 530 or higher, Mali-G71 MP20, Mali-G72 MP12 or higher
Ref: CNET