Fortnite ကဲ့သို႔ Battle Royle ဂိမ္းမ်ားရဲ႕ဝင္ေငြ ၂၀၁၉ တြင္ ေဒၚလာ ၂၀ ဘီလ်ံအထိ ရိွလာႏိုင္

[Zawgyi]

အခမဲ့ကစားႏိုင္တဲ့ “Fortnite Battle Royale” ဂိမ္းရဲ႕ ဝင္ေငြဟာ in-app purchase ေတြေၾကာင့္ မၾကာေသးခင္က ေဒၚလာ ၁ ဘီလ်ံ ေက်ာ္သြားခဲ့တယ္လို႔ SuperData Research ရဲ႕ အစီရင္ခံစာသစ္မွာ ေဖာ္ျပထားပါတယ္။

ပလက္ေဖာင္းအမ်ားအျပားမွာ ကစားႏိုင္ၿပီး ၂၀၁၇ ႏွစ္ကုန္ပိုင္းမွာ ျဖန္႔ခ်ိခဲ့တဲ့ေနာက္ အလြန္အမင္းနာမည္ေက်ာ္လာခဲ့တဲ့ အဆိုပါဂိမ္းဟာကစားသမား ၁၀၀ နဲ႔ယွဥ္ၿပိဳင္ရၿပီး ပြဲၿပီးတဲ့အထိ အသက္ရွင္က်န္ေအာင္ ကစားရတဲ့ survival အေျခခံ ဗီဒီယိုဂိမ္းေတြထဲက တစ္ခုျဖစ္ပါတယ္။ အဲ့ဒီဂိမ္းေတြဟာ battle royale ဂိမ္းအမ်ိဳးအစားအျဖစ္ လူသိမ်ားပါတယ္။

ေအာ္ေဖာ္ျပပါ ဇယားကြက္ကေတာ့ ကမ႓ာတစ္ဝန္းက Battle Royale ဂိမ္းေတြရဲ႕ဝင္ေငြေတြကို ပလက္ေဖာင္းအလိုက္ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

Battle Royale ဂိမ္းေတြရဲ႕ ဝင္ေငြဟာ ၂၀၁၈ ခုႏွစ္မွာ အနည္းဆံုး ေဒၚလာ ၂ ဘီလ်ံအထိ ရိွလာႏိုင္ၿပီး ၿပီးခဲ့တဲ့ႏွစ္ထက္ ၇ ဆခန္႔ ပိုမိုလာဖြယ္ရိွပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Battle Royale ဂိမ္းေတြရဲ႕ ပလက္ေဖာင္းအသီးသီးက ဝင္ေငြဟာ ၂၀၁၈ ဝင္ေငြထက္ ႏွစ္ဆတိုးတက္လာႏိုင္ၿပီး ၂၀၁၇ ထက္ ၁၂ ဆ ျမင့္တက္လာႏိုင္တယ္လို႔ သိရပါတယ္။

Ref: BusinessInsider

-ေနာင္ေနာင္

[Unicode]

အခမဲ့ကစားနိုင်တဲ့ “Fortnite Battle Royale” ဂိမ်းရဲ့ ဝင်ငွေဟာ in-app purchase တွေကြောင့် မကြာသေးခင်က ဒေါ်လာ ၁ ဘီလျံ ကျော်သွားခဲ့တယ်လို့ SuperData Research ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။

ပလက်ဖောင်းအများအပြားမှာ ကစားနိုင်ပြီး ၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဖြန့်ချိခဲ့တဲ့နောက် အလွန်အမင်းနာမည်ကျော်လာခဲ့တဲ့ အဆိုပါဂိမ်းဟာကစားသမား ၁၀၀ နဲ့ယှဉ်ပြိုင်ရပြီး ပွဲပြီးတဲ့အထိ အသက်ရှင်ကျန်အောင် ကစားရတဲ့ survival အခြေခံ ဗီဒီယိုဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဂိမ်းတွေဟာ battle royale ဂိမ်းအမျိုးအစားအဖြစ် လူသိများပါတယ်။

အော်ဖော်ပြပါ ဇယားကွက်ကတော့ ကမ႓ာတစ်ဝန်းက Battle Royale ဂိမ်းတွေရဲ့ဝင်ငွေတွေကို ပလက်ဖောင်းအလိုက် ဖော်ပြထားတာ ဖြစ်ပါတယ်။

Battle Royale ဂိမ်းတွေရဲ့ ဝင်ငွေဟာ ၂၀၁၈ ခုနှစ်မှာ အနည်းဆုံး ဒေါ်လာ ၂ ဘီလျံအထိ ရှိလာနိုင်ပြီး ပြီးခဲ့တဲ့နှစ်ထက် ရ ဆခန့် ပိုမိုလာဖွယ်ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Battle Royale ဂိမ်းတွေရဲ့ ပလက်ဖောင်းအသီးသီးက ဝင်ငွေဟာ ၂၀၁၈ ဝင်ငွေထက် နှစ်ဆတိုးတက်လာနိုင်ပြီး ၂၀၁၇ ထက် ၁၂ ဆ မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။

Ref: BusinessInsider

-နောင်နောင်