Foot massager

Foot-massager.jpg

Jemer အမည်နှင့်ဖြစ်ပြီး သာမန်ညောင်းညာကိုက်ခဲခြင်းမှစကာ အကြောနှင့်ပတ်သက်သော ရောဂါများကိုပါ ကုသနှိပ်နယ်ပေးနိုင်သည့် Foot massager ဖြစ်သည်။ စက်၏ ပုံစံမှာ ခြေဖဝါးကို အဓိက ပုံစံထုတ်ထားပေးသော်လည်း လိုအပ်ပါက ခြေသလုံးပါထည့် နှိပ်ပေးနိုင်မည်ဖြစ်သည်။ သီးသန့်အချိန်ပေးကာ အသုံးပြုနိုင်သလို မအားလပ်သူများအနေဖြင့်လည်း အလုပ်လုပ်နေရင်း ခြေထောက်နှစ်ဖက်ကို
စက်ထဲအသာထည့်ကာ အလုပ်မပျက်အနှိပ်ခံနိုင်မည်ဖြစ်သည်။ ပုံစံ ၅ မျိုးပြောင်းသုံးနိုင်ပြီး အနှေး၊ အမြန် Speed သုံးမျိုးအထိသုံးနိုင်မည်ဖြစ်သည်။ ခြေဖဝါးတွင်ရှိသော အကြောများရဲ့တည်နေရာပုံစံကိုလည်း စက်ပေါ်တွင် ဖော်ပြထားပြီး ဘယ်ရောဂါဖြစ်ရင်၊ ဘာဖြစ်ရင် ဘယ်နေရာကို အဓိကထားပြီးနှိပ်ရမည်ဆိုတာကိုပါ ပြပေးထားသည်။ အချိန်ကိုက် Timer စနစ်ပါဝင်သလို အဝေးထိန်း Remote ဖြင့်လည်း အသုံးပြုနိုင်သည်။ အိမ်မီး AC 220 V ဖြင့်အသုံးပြုရပြီး လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပလတ်စတစ်အိမ်ဖြင့် ပြုလုပ်ပေးထားသည်။ တန်ဖိုးမှာကျပ် ၁၅၀,၀၀၀ ဝန်းကျင်ဖြစ်သည်။ တော်ဝင်စင်တာ
ဒုတိယထပ် အမှတ် ၃၀၇၅၊ ဖုန်း ၈၆၀၀၁၁၁၊ ၈၆၀၀၀၀၉ Ext : 3075 ၌ ဆက်သွယ်ဝယ်ယူနိုင်မည်ဖြစ်သည်။

-အောင်အောင်