foodpanda မှ တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စိတ်လှုပ်ရှားစရာ အစီအစဉ်များစွာ ပြုလုပ်သွားမည်

အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်တဲ့ foodpanda မှ မြန်မာနိုင်ငံမှာ စတင်ခဲ့တဲ့ တစ်နှစ်ပြည့်အစီအစဉ်အဖြစ် စိတ်လှုပ်ရှားစရာ အစီအစဉ်များစွာကို ဒီဇင်ဘာလ တစ်လလုံး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အောင်မြင်စွာ ရပ်တည်နိုင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် အသုံးပြုသူများအား ကျေးဇူးအထူးတင်တဲ့ ရည်ရွယ်ချက်နဲ့ မိတ်ဖက်စားသောက်ဆိုင်များ၊ မိတ်ဖက်ကုန်အမှတ်တံဆိပ်များ အပါအဝင် စားသောက်ဆိုင် ၁၀၀၀ ကျော်တို့မှ များပြားလှစွာသော အထူးအစီအစဉ်နဲ့ ၅၀ ရာခိုင်နှုန်းအထိ လျှော့စျေး အစီအစဉ်များနဲ့ အွန်လိုင်းစျေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁ ရက်မှစတင်ကာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပပေးသွားမယ်လို့ သိရပါတယ်။ တစ်နှစ်တာအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြတဲ့ စားသုံးသူများ၊ မိတ်ဖက် ပါတနာများနဲ့ ပို့ဆောင်ပေးသူများကို ဂုဏ်ပြုသည့်အစီအစဉ်များကိုလည်း ပြုလုပ်ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

မိတ်ဖက်စားသောက်ဆိုင်များနှင့် ပူးပေါင်း၍ လိုအပ်သောနေရာများသို့ လှူဒါန်းခြင်းကဲ့သို့ အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများ၊ တစ်နှစ်ပြည့်မွေးနေ့ကို စားသုံးသူတို့ ချစ်ခင်ရသော အနုပညာရှင်များနှင့် အတူတကွ ဆင်နွှဲနိုင်စေရန်အတွက် ပျော်ရွှင်စရာ ဖျော်ဖြေမှုများပါ၀င်တဲ့ အွန်လိုင်းမှ ထုတ်လွှင့်ပြသမည့် အစီအစဉ်များကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။

-အောင်သူ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««