Folder တွေကို အချိန်တိုအတွင်းမှာ အလွယ်တကူနဲ့ ဘယ်လိုဖျက်မလဲ

တစ်ခါတစ်ရံမှာ ဖိုင်အရွယ် အစားကြီးမားတဲ့ Folder တွေကို ဖျက်ဖို့အတွက် အချိန်မပေးချင်သူတွေနဲ့ အချိန်တိုတိုနဲ့ အလွယ်တကူ ဖျက်ပစ်ချင်သူတွေအတွက် Folder တွေကို အမြန်ရှင်းလင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ ပထမဆုံး Win+R key နဲ့ Run box ကိုဖွင့်ပါ။ ပြီးရင် notepad ဆိုတဲ့ command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

Notepad ထဲကို ရောက်ပြီဆိုရင် del /f/s/q %1 > nul ဆိုတဲ့ command ကို ရိုက်ထည့်ပါ။ ပြီးရင် နောက်ထပ် command တစ်ကြောင်းဖြစ်တဲ့ rmdir /s/q %1 ဆိုတဲ့ command ကို ရိုက်ထည့်ပါ။

ဖော်ပြပါ command တွေကို ရိုက်ထည့်ပြီးပြီဆိုရင် ဖိုင်နာမည်ပေးပြီး အနောက်ဘက်မှာ .bat ဆိုတဲ့ extension ကို ထည့်ပါ။

Batch file ထွက်လာပြီဆိုရင် ဖျက်ချင်တဲ့ file size ကြီးမားတဲ့ folder ကို အဆိုပါ batch ထဲကို drag & drop လုပ်ပါ။ အချိန်ခဏလေးအတွင်းမှာ ပျက်သွားပါလိမ့်မယ်။ ဒါကတော့ batch file ကို အသုံးပြုပြီး အရွယ်အစားကြီး မားတဲ့ဖိုင်ကို အချိန်တိုအတွင်းမှာ ဖျက်ပစ်နိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««