FNF Ifive Mini 4s

တန်ဖိုး – ကန်ဒေါ်လာ ၁၀၉.၉၉

အားသာချက်

ဂိမ်းကစားရတာ ဝါသနာ ပါ သူတွေအတွက် စွမ်းဆောင်ရည် ကောင်းကောင်းနဲ့ ကစားနိုင်မယ့် tablet တစ်ခုဖြစ်ပါတယ်။ Dis-play ပိုင်းကလည်း အတော် ကောင်းမွန်ပါတယ်။

အားနည်းချက်

ဘက်ထရီ သုံးစွဲနိုင်မယ့် သက်တမ်းကတော့ ကြာရှည်စွာ သုံးစွဲနိုင်မှာမဟုတ်ပါဘူး။ အဓိက အားနည်းချက်အနေနဲ့ HDMI out မပါရှိပါဘူး။

အသေးစိတ်ဖော်ပြချက်

Rockchip RK3288 chip ကို အသုံးပြုထားပြီး processor speed ကတော့ 1.8GHz ရှိမှာ ဖြစ်ပါတယ်။ RAM 2GB ပါဝင်မှာဖြစ်ပြီး storage ကတော့ 32GB ခန့် ပမာဏရှိတဲ့ storage ကို အသုံး ပြုထားပါတယ်။ Display screen အရွယ်အစားကတော့ ရ.၉ လက်မခန့်ရှိမှာဖြစ်ပြီး display screen resolution ကတော့ 2048 x 1536 ရှိမှာ ဖြစ်ပါတယ်။ ဒီ tablet မှာအ သုံးပြုထားတဲ့ Operating System ကတော့ Android 6.0 ဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ rear camera က 8 megapixels ရှိမှာဖြစ်ပြီး front camera ကတော့ 2 megapixels သာရှိမှာဖြစ်ပါတယ်။ ဘက်ထ ရီက Non-removable ဖြစ်ပြီး ဘက်ထရီ သိပ်သည်းဆကတော့ 4800mAh ခန့်ရှိမှာဖြစ်ပါတယ်။

-သီဟ
Ref: Benchmarks

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««