FK Norway Exchange Program 2019 အတြက္ ေလွ်ာက္လႊာမ်ားေခၚယူ

[ Zawgyi ]

ဆန္းသစ္တဲ့ အုိင္ဒီယာေတြနဲ႔အတူ ျမန္မာျပည္မွ ဝင္ေရာက္ေလွ်ာက္ထား႐င္း Norway, Oslo ၿမိဳ႕မွာက်င္းပမယ့္ Youth Camp မွာပါဝင္ဖို႔ FK Norway Exchange Program 2019 အတြက္ ေလွ်ာက္လႊာမ်ားေခၚယူေနၿပီလို႔ သိရပါတယ္။

FK Norway Exchange program ဟာ ျမန္မာႏုိင္ငံက Charity-Oriented Myanmar ႐ုံး (COM) နဲ႔အတူ ကေမၻာဒီးယားႏိုင္ငံမွ Khmer Youth And Social Development နဲ႔ ဗီယက္နမ္ႏိုင္ငံမွ Center for Sustainable Development Service အဖြဲ႔တုိ႔ ပူးေပါင္းလုပ္ေဆာင္တဲ့ စီမံကိန္းျဖစ္ပါတယ္။ Young Spirit Exchange project ဟာ ကေမၻာဒီးယား၊ ျမန္မာ၊ ဗီယက္နမ္မွ လူငယ္ေလးဦးစီကို ၈ လတာ အလုပ္သင္ေလ့ လာျခင္း အစီအစဥ္ျဖစ္ပါတယ္။

ယခုအႀကိမ္ဟာ တတိယအႀကိမ္ေျမာက္ ျဖစ္ၿပီး ေရြးခ်ယ္ခံရသူေလးဦးအေနနဲ႔ ၂၀၁၉ ခုႏွစ္၊ ဇန္န၀ါရီလ ၉ ရက္ Oslo, Norway မွာ စည္ကားသိုက္ၿမိဳက္စြာက်င္းပမယ့္ Youth camp သို႔ တက္ေရာက္ခြင့္ရမွာျဖစ္ပါတယ္။ Youth camp သို႔ တက္ေရာက္ခြင့္ရရွိပါက လူငယ္ေခါင္းေဆာင္မ်ားနဲ႔ ေတြ႕ဆံုႏိုင္ျခင္း၊ အျပန္အလွန္ေဆြးေႏြးပြဲမ်ားနဲ႔ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရးအတြက္ အေထာက္အပံ့မ်ား ေပးျခင္း၊ မိမိေဒသမွာ ျပန္လည္ အက်ိဳးျပဳနိုင္ျခင္း၊ ေတာင္႔တင္းခိုင္မာၿပီး ေရရွည္တည္တံ့တဲ့ အဆက္အသြယ္ ကြန္ရက္မ်ားတည္ေဆာက္ႏိုင္ျခင္း စတဲ့ အက်ိဳးေက်းဇူးေတြရရွိႏိုင္တယ္လုိ႔ သိရပါတယ္။

အသက္ ၁၈ ႏွစ္ႏွင့္ ၃၀ ၾကားရွိ လူငယ္မ်ား၊ မိမိေဒသကို ျပန္လည္အက်ိဳးျပဳလိုသူမ်ား၊ သင္ယူလိုစိတ္႐ွိၿပီး မတူညီမႈမ်ားကို လက္ခံနိုင္စြမ္းရွိသူမ်ား ေလွ်ာက္ထားႏိုင္ပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ ဇူလိုင္လ ၁၃ ရက္ေနာက္ဆုံးထားၿပီး အီးေမးလ္မွ လည္းေကာင္း၊ ႐ံုးသို႔လည္းေကာင္း လာေ႐ာက္ၿပီး Online form link ရယူကာ တိုက္႐ိုက္ေလွ်ာက္ထားႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အေသးစိတ္သိရွိလိုပါက ဒီေနရာမွာ ဝင္ေရာက္စံုစမ္း ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။

-ေဝေဝ

[ Unicode ]

ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့အတူ မြန်မာပြည်မှ ဝင်ရောက်လျှောက်ထားရင်း Norway, Oslo မြို့မှာကျင်းပမယ့် Youth Camp မှာပါဝင်ဖို့ FK Norway Exchange Program 2019 အတွက် လျှောက်လွှာများခေါ်ယူနေပြီလို့ သိရပါတယ်။

FK Norway Exchange program ဟာ မြန်မာနိုင်ငံက Charity-Oriented Myanmar ရုံး (COM) နဲ့အတူ ကမ္ဘောဒီးယားနိုင်ငံမှ Khmer Youth And Social Development နဲ့ ဗီယက်နမ်နိုင်ငံမှ Center for Sustainable Development Service အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်တဲ့ စီမံကိန်းဖြစ်ပါတယ်။ Young Spirit Exchange project ဟာ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်မှ လူငယ်လေးဦးစီကို ၈ လတာ အလုပ်သင်လေ့ လာခြင်း အစီအစဉ်ဖြစ်ပါတယ်။

ယခုအကြိမ်ဟာ တတိယအကြိမ်မြောက် ဖြစ်ပြီး ရွေးချယ်ခံရသူလေးဦးအနေနဲ့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် Oslo, Norway မှာ စည်ကားသိုက်မြိုက်စွာကျင်းပမယ့် Youth camp သို့ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။ Youth camp သို့ တက်ရောက်ခွင့်ရရှိပါက လူငယ်ခေါင်းဆောင်များနဲ့ တွေ့ဆုံနိုင်ခြင်း၊ အပြန်အလှန်ဆွေးနွေးပွဲများနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် အထောက်အပံ့များ ပေးခြင်း၊ မိမိဒေသမှာ ပြန်လည် အကျိုးပြုနိုင်ခြင်း၊ တောင့်တင်းခိုင်မာပြီး ရေရှည်တည်တံ့တဲ့ အဆက်အသွယ် ကွန်ရက်များတည်ဆောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်တယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်နှင့် ၃၀ ကြားရှိ လူငယ်များ၊ မိမိဒေသကို ပြန်လည်အကျိုးပြုလိုသူများ၊ သင်ယူလိုစိတ်ရှိပြီး မတူညီမှုများကို လက်ခံနိုင်စွမ်းရှိသူများ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ ဇူလိုင်လ ၁၃ ရက်နောက်ဆုံးထားပြီး အီးမေးလ်မှ လည်းကောင်း၊ ရုံးသို့လည်းကောင်း လာရောက်ပြီး Online form link ရယူကာ တိုက်ရိုက်လျှောက်ထားနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိရှိလိုပါက ဒီနေရာမှာ ဝင်ရောက်စုံစမ်း လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

-ဝေဝေ