Firefox မွာ ad-tracking software ကို default အေနနဲ႔ ပိတ္ပင္သြားမယ္လို႔ Mozilla ေၾကညာ

[ Zawgyi ]

အသစ္ထြက္မယ့္ Firefox ဗားရွင္းေတြမွာ ad tracker ေတြကို default အေနနဲ႔ ပိတ္ပင္သြားဖို႔ စီစဥ္ထားေၾကာင္း Mozilla က ေၾကညာလိုက္ပါတယ္။

အဆိုပါ setting သစ္ေတြဟာ page load ကို ေႏွးေကြးေစတဲ့ tracker ေတြကို တားျမစ္ပိတ္ပင္သြားမယ့္ ပဏာမေျခလွမ္းတစ္ရပ္ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ cross-site tracking ကိုပါ ဖယ္ရွားသြားဖို႔ Mozilla က စီစဥ္ထားပါတယ္။ အဲ့ဒီေနာက္ cryptomining လို အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ အေလ့အထေတြကို ေလ်ာ့ပါးသြားေအာင္ ျပဳလုပ္မွာ ျဖစ္ပါတယ္။

Firefox ဟာ အဲ့ဒီ feature ေတြကို Firefox ရဲ႕ pre-release version တစ္ခုျဖစ္တဲ့ Firefox Nightly မွာ စမ္းသပ္ေနပါတယ္။ လက္ရိွမွာေတာ့ အဲ့ဒီ Firefox ဗားရွင္းမွာ page load ေတြကို ေႏွးေကြးေစတဲ့ tracker ေတြကို တားျမစ္ေပးမယ့္ feature တစ္ခုပါဝင္ပါတယ္။ ဒီ feature ကို စက္တင္ဘာလမွာ shield study တစ္ခုသံုးၿပီး စမ္းသပ္သြားဖို႔ Mozilla က စီစဥ္ထားပါတယ္။ အဆင္ေျပခဲ့မယ္ဆိုရင္ Mozilla က Firefox 63 ကစတင္ၿပီး slow-loading tracker ေတြကို စတင္ပိတ္ပင္သြားမွာ ျဖစ္ပါတယ္။

ဒါ့အျပင္ Firefox Nightly ဟာ third-party cookie ေတြကေန cross-site tracking ကို တားျမစ္ထားၿပီး shield study တစ္ခု အသံုးျပဳဖို႔ စီစဥ္ေနပါတယ္။ ဒီ feature ကို Firefox 65 မွာ မိတ္ဆက္သြားဖို႔ ရည္မွန္းထားပါတယ္။

အသစ္ထြက္မယ့္ Firefox ဗားရွင္းေတြမွာ fingerprinting user ေတြနဲ႔ silent cryptomining တို႔လို “သံုးစြဲသူအေတြ႕အႀကံဳကို ထိခိုက္ေစၿပီး သံုးစြဲသူအခ်က္အလက္ေတြကို တိတ္တဆိတ္ စုေဆာင္းရယူတဲ့ လွည့္စားတဲ့ အေလ့အထေတြ” ကို default အေနနဲ႔ တားျမစ္ပိတ္ပင္သြားမယ္လို႔ Mozilla က ေျပာၾကားခဲ့ပါတယ္။

Ref: ZDNet

[ Unicode ]

အသစ်ထွက်မယ့် Firefox ဗားရှင်းတွေမှာ ad tracker တွေကို default အနေနဲ့ ပိတ်ပင်သွားဖို့ စီစဉ်ထားကြောင်း Mozilla က ကြေညာလိုက်ပါတယ်။

အဆိုပါ setting သစ်တွေဟာ page load ကို နှေးကွေးစေတဲ့ tracker တွေကို တားမြစ်ပိတ်ပင်သွားမယ့် ပဏာမခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ cross-site tracking ကိုပါ ဖယ်ရှားသွားဖို့ Mozilla က စီစဉ်ထားပါတယ်။ အဲ့ဒီနောက် cryptomining လို အန္တရာယ်ဖြစ်စေနိုင်တဲ့ အလေ့အထတွေကို လျော့ပါးသွားအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။

Firefox ဟာ အဲ့ဒီ feature တွေကို Firefox ရဲ့ pre-release version တစ်ခုဖြစ်တဲ့ Firefox Nightly မှာ စမ်းသပ်နေပါတယ်။ လက်ရှိမှာတော့ အဲ့ဒီ Firefox ဗားရှင်းမှာ page load တွေကို နှေးကွေးစေတဲ့ tracker တွေကို တားမြစ်ပေးမယ့် feature တစ်ခုပါဝင်ပါတယ်။ ဒီ feature ကို စက်တင်ဘာလမှာ shield study တစ်ခုသုံးပြီး စမ်းသပ်သွားဖို့ Mozilla က စီစဉ်ထားပါတယ်။ အဆင်ပြေခဲ့မယ်ဆိုရင် Mozilla က Firefox 63 ကစတင်ပြီး slow-loading tracker တွေကို စတင်ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် Firefox Nightly ဟာ third-party cookie တွေကနေ cross-site tracking ကို တားမြစ်ထားပြီး shield study တစ်ခု အသုံးပြုဖို့ စီစဉ်နေပါတယ်။ ဒီ feature ကို Firefox 65 မှာ မိတ်ဆက်သွားဖို့ ရည်မှန်းထားပါတယ်။

အသစ်ထွက်မယ့် Firefox ဗားရှင်းတွေမှာ fingerprinting user တွေနဲ့ silent cryptomining တို့လို “သုံးစွဲသူအတွေ့အကြုံကို ထိခိုက်စေပြီး သုံးစွဲသူအချက်အလက်တွေကို တိတ်တဆိတ် စုဆောင်းရယူတဲ့ လှည့်စားတဲ့ အလေ့အထတွေ” ကို default အနေနဲ့ တားမြစ်ပိတ်ပင်သွားမယ်လို့ Mozilla က ပြောကြားခဲ့ပါတယ်။

Ref: ZDNet