FinTech Talk Facebook Live ဆွေးနွေးမည်

ငွေကြေးဆိုင်ရာနဲ့ ပတ်သက်ပြီး Facebook Live ဆွေးနွေးပွဲတစ်ရပ်ကို ဒီနေ့ (၃၀.၁၀.၂၀၁၇) မှာ ဆောင်ရွက်မယ်လို့ သိရပါတယ်။

Financial Inclusion Week 2017 ရဲ့ partner အနေနဲ့ဆောင်ရွက်တာလို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ငွေကြေးဆိုင်ရာ နည်းပညာတွေသုံးပြီး ဘယ်လိုလူတိုင်း ငွေကြေးစနစ်တွေမှာ ပါလာအောင်လုပ်နိုင်မလဲ ဆိုတာကို ThitsaWorks နဲ့ Internet Journal တို့ Facebook Live မှာ ဆွေးနွေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ (အောက်တိုဘာ ၃၀) ရက် နေ့လည် ၃ နာရီမှာ စတင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီ Facebook Live ကို https://www.facebook.com/thitsaworks , https://www.facebook.com/internetjournal တွေမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

-ထွန်းထွန်း