Fingerprint scanner ပါဝင္ၿပီး ေရေအာက္မွာသံုးႏိုင္တဲ့ ကမ႓ာ့အေသးငယ္ဆံုး 4G စမတ္ဖုန္း

[Zawgyi]

အၾကမ္းဒဏ္ခံႏိုင္ၿပီး fingerprint အျပင္ အ့ံအားသင့္ဖြယ္ရာ feature အခ်ိဳ႕ပါဝင္တဲ့ ကမ႓ာ့အေသးငယ္ဆံုး 4G စမတ္ဖုန္းကို Atom အဖြဲ႕က Kickstarter ေပၚမွာ မိတ္ဆက္ခဲ့ပါတယ္။ Unihertz Atom လို႔ေခၚတဲ့ အဆိုပါစမတ္ဖုန္းအတြက္ Kickstarter ေပၚမွာ ဇြန္ ၅ ရက္ကစၿပီး ရန္ပံုေငြ ေကာက္ခံခဲ့ရာ စကၠန္႔ ၆၀ အတြင္း သတ္မွတ္ထားတဲ့ ပမာဏ ရရိွခဲ့ပါတယ္။

Atom အဖြဲ႕ဟာ Jelly လို႔ေခၚတဲ့ ၂.၄၅ လက္မ display နဲ႔ Android Nougat ပါဝင္တဲ့ အလြန္ေသးငယ္တဲ့ဖုန္းတစ္မ်ိဳးကို ၿပီးခဲ့တဲ့ႏွစ္ ေမလက Kickstarter ကေန မိတ္ဆက္ခဲ့ဖူးပါတယ္။
Atom ရဲ႕ အလြန္ေသးငယ္တဲ့ 4G စမတ္ဖုန္းအတြက္ လက္လီေရာင္းေစ်းက ေဒၚလာ ၃၀၀ ျဖစ္ပါတယ္။

ဒီစမတ္ဖုန္းမွာ ၂.၄၅ လက္မ 240 x 432 resolution display, 4GB RAM, Android 8.1 Oreo, 16-megapixel ေက်ာဘက္ကင္မရာနဲ႔ 8-megapixel အေရွ႕ဘက္ကင္မရာတို႔ ပါဝင္ပါတယ္။ ဒါ့အျပင္ FM ေရဒီယို ပါဝင္သလို မိုဘုိင္းေငြေခ်စနစ္အတြက္ NFC လုပ္ေဆာင္ခ်က္ေတြလည္း ပါဝင္ပါတယ္။ အားသြင္းဖို႔အတြက္ USB Type-C ကို ေထာက္ပံ့ေပးထားပါတယ္။ Fingerprint sensor ကို အေရွ႕ဘက္မွာ တပ္ဆင္ထားပါတယ္။
3.5mm နားၾကပ္ေပါက္ ပါဝင္ၿပီး ႏွစ္သက္ရာ app တစ္ခုကို ဖြင့္ရာမွာ အသံုးျပဳႏိုင္တဲ့ programmable ခလုတ္တစ္ခုကိုလည္း ေဘးဘက္မွာ ထည့္သြင္းထားပါတယ္။ ေရစိုခံစနစ္က IP68 ျဖစ္ပါတယ္။ ဒါေၾကာင့္ Unihertz ကို ေရေအာက္မွာ ဗီဒီယို႐ိုက္ကူးဖို႔အတြက္ အသံုးျပဳနိုင္မွာျဖစ္ပါတယ္။

-ေနာင္ေနာင္
Ref: TheVerge

 

[Unicode]

အကြမ်းဒဏ်ခံနိုင်ပြီး fingerprint အပြင် အ့ံအားသင့်ဖွယ်ရာ feature အချို့ပါဝင်တဲ့ ကမ႓ာ့အသေးငယ်ဆုံး 4G စမတ်ဖုန်းကို Atom အဖွဲ့က Kickstarter ပေါ်မှာ မိတ်ဆက်ခဲ့ပါတယ်။ Unihertz Atom လို့ခေါ်တဲ့ အဆိုပါစမတ်ဖုန်းအတွက် Kickstarter ပေါ်မှာ ဇွန် ၅ ရက်ကစပြီး ရန်ပုံငွေ ကောက်ခံခဲ့ရာ စက္ကန့် ၆၀ အတွင်း သတ်မှတ်ထားတဲ့ ပမာဏ ရရှိခဲ့ပါတယ်။

Atom အဖွဲ့ဟာ Jelly လို့ခေါ်တဲ့ ၂.၄၅ လက်မ display နဲ့ Android Nougat ပါဝင်တဲ့ အလွန်သေးငယ်တဲ့ဖုန်းတစ်မျိုးကို ပြီးခဲ့တဲ့နှစ် မေလက Kickstarter ကနေ မိတ်ဆက်ခဲ့ဖူးပါတယ်။
Atom ရဲ့ အလွန်သေးငယ်တဲ့ 4G စမတ်ဖုန်းအတွက် လက်လီရောင်းစျေးက ဒေါ်လာ ၃၀၀ ဖြစ်ပါတယ်။

ဒီစမတ်ဖုန်းမှာ ၂.၄၅ လက်မ 240 x 432 resolution display, 4GB RAM, Android 8.1 Oreo, 16-megapixel ကျောဘက်ကင်မရာနဲ့ 8-megapixel အရှေ့ဘက်ကင်မရာတို့ ပါဝင်ပါတယ်။ ဒါ့အပြင် FM ရေဒီယို ပါဝင်သလို မိုဘိုင်းငွေချေစနစ်အတွက် NFC လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ အားသွင်းဖို့အတွက် USB Type-C ကို ထောက်ပံ့ပေးထားပါတယ်။ Fingerprint sensor ကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။
3.5mm နားကြပ်ပေါက် ပါဝင်ပြီး နှစ်သက်ရာ app တစ်ခုကို ဖွင့်ရာမှာ အသုံးပြုနိုင်တဲ့ programmable ခလုတ်တစ်ခုကိုလည်း ဘေးဘက်မှာ ထည့်သွင်းထားပါတယ်။ ရေစိုခံစနစ်က IP68 ဖြစ်ပါတယ်။ ဒါကြောင့် Unihertz ကို ရေအောက်မှာ ဗီဒီယိုရိုက်ကူးဖို့အတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

-နောင်နောင်
Ref: TheVerge