Financial Management အွန်လိုင်းသင်တန်း ဖွင့်မည်

Myanmar Japan Center ရဲ့ Financial Management သင်တန်းကို နိုဝင်ဘာ ၁၄ ရက် မှစတင်ကာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

သင်တန်းမှာ ဘဏ္ဍာရေးရှင်းတမ်းများ(Financial Statements), ဘဏ္ဍာရေး အချိုးဆန်းစစ်ခြင်း(Financial Ratio Analysis), ကုန်ကျစရိတ်-အရေအတွက်-အမြတ် (CVP) ဆန်းစစ်မှု (Cost-Volume-Profit Analysis), အမြတ်မာဂျင်ဆန်းစစ်ခြင်း (Marginal Profit Analysis) အစရှိတဲ့ ဘာသာရပ်တွေကို သင်ယူရမှာ ဖြစ်ပါတယ်။

MJC မှာ Financial Management အတန်းကို Part (1) နဲ့ Part (2) ဆိုပြီး နှစ်ပိုင်းခွဲဖွင့်ပေးမှာ ဖြစ်ပြီး တစ်တန်းချင်းစီ တက်လိုသူများ မိမိတို့ အဆင်ပြေတဲ့ အချိန်ကို ရွေးချယ် တက်ရောက်နိုင်မှာဖြစ်ပါတယ်။

သင်တန်းကြေး ၂၅,၀၀၀ ကျပ်ဖြစ်ပြီး Part 1 ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၄၊ ၁၅၊ ၂၁ နဲ့ ၂၂ ရက်တွေမှာ လည်းကောင်း၊ Part 2 ကို ဒီဇင်ဘာ ၅၊ ၆၊ ၁၂ နဲ့ ၁၃ ရက်တွေမှာ လည်ကောင်း ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

Part (1) နဲ့ Part (2) နှစ်တန်း တက်သူတွေအတွက် သင်တန်းကြေး စုစုပေါင်း (၄၅၀၀၀) ကျပ် ဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ https://forms.gle/r7aF1qhxFx8hA2Uu9 မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««