Filezilla 3.43.0 ကို Ubuntu OS မွာ ထည့္သြင္းျခင္း

[ Zawgyi ]

Ubuntu OS သံုးစဲြေနတဲ့ သူေတြအတြက္ Filezilla version 3.43.0 ကို ထည့္သြင္းႏိုင္မယ့္ နည္းလမ္းျဖစ္ပါတယ္။ Ubuntu OS မွာ Filezilla ကို ထည့္သြင္း အသံုးျပဳခ်င္တယ္ဆိုရင္ ေဖာ္ျပပါ နည္းလမ္းအတိုင္း လုပ္ေဆာင္ႏိုင္ပါတယ္။

Ubuntu OS မွာ Filezilla version 3.43.0 ကို ထည့္သြင္းဖို႔အတြက္ ပထမဆံုး Ubuntu OS System ရဲ႕ Package ေတြကို Update ေတြ Upgrade ေတြ ျပဳလုပ္ထားသင့္ပါတယ္။ Package ေတြကို Update ျပဳလုပ္ဖို႔အတြက္ Ubuntu ရဲ႕Terminal ကိုCtrl + Alt + T ကို အသံုးျပဳၿပီး ဖြင့္ရပါမယ္။ ၿပီးၿပီဆိုရင္ ေတာ့ Terminal ထဲမွာ sudo apt-get update ဆိုတဲ့ Command နဲ႔ Package ေတြကို အရင္ Update ျပဳလုပ္ရမွာျဖစ္ပါတယ္။

Update ျပဳလုပ္ၿပီးၿပီဆိုရင္ ေတာ့ sudo apt-get upgrade နဲ႔ Upgrade ထပ္မံလုပ္ေပးရပါမယ္။

Filezilla version 3.43.0 ကို Ubuntu မွာ ထည့္သြင္းအသံုးျပဳဖို႔အတြက္ ေဖာ္ျပပါ command ေတြကို Terminal မွာ ႐ိုက္ထည့္ရပါမယ္။ အသံုးျပဳရမယ့္ command ေတြကေတာ့ –

sudosh -c ‘echo “deb http://archive.getdeb.net/ubuntu xenial-getdeb apps” >> /etc/apt/sources.list.d/getdeb.list’

wget -q -O – http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt update

sudo apt install filezilla

အဆိုပါ command ေတြကို ထည့္သြင္းၿပီးၿပီဆိုရင္ သက္ဆိုင္ရာ package ေတြကို download လုပ္ယူၿပီး တစ္ခါတည္း ထည့္သြင္းေပးသြားမွာ ျဖစ္ပါတယ္။ ဒါဆိုရင္ Filezilla version 3.43.0 ကို Ubuntu OS မွာ ထည့္သြင္းတဲ့ အဆင့္ၿပီးဆံုးၿပီ ျဖစ္ပါတယ္။

-သီဟ

[ Unicode ]

Ubuntu OS သုံးစွဲနေတဲ့ သူတွေအတွက် Filezilla version 3.43.0 ကို ထည့်သွင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Ubuntu OS မှာ Filezilla ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။

Ubuntu OS မှာ Filezilla version 3.43.0 ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကိုCtrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင် တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီဆိုရင် တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

Filezilla version 3.43.0 ကို Ubuntu မှာ ထည့်သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါ command တွေကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudosh -c ‘echo “deb http://archive.getdeb.net/ubuntu xenial-getdeb apps” >> /etc/apt/sources.list.d/getdeb.list’

wget -q -O – http://archive.getdeb.net/getdeb-archive.key | sudo apt-key add –

sudo apt update

sudo apt install filezilla

အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Filezilla version 3.43.0 ကို Ubuntu OS မှာ ထည့်သွင်းတဲ့ အဆင့်ပြီးဆုံးပြီ ဖြစ်ပါတယ်။